ဖုင်ပလိက်ကုင်တအာင်းဂဲ ဘိူန်းတိုည်းတိုအီးကရိူရ်ႈကယံင်းခံင်ယိူည်ႇ (3)အီး ကာည်း တိုအီးဒါခံင်ယိူည်ႇ(5)အီး ပလှံင်အေဲမ်ခြီရ်၊ လှံင်မူစယ် ကာည်း လှံင်မိူင်လိုင်

ကျံရ်အာရ်၊ ဆငည်း(12) အခိင်ရမှိဝ်(7:30)နြီ ဖုင်ပလိက်ကုင်တအာင်းဂဲ ဘိူန်းဆဒါင် ဒါ်ႈ တာဝူန်စော ဘိူန်းအဆာက်(36)ဆန်ုမ် မိူဝ်ႈခံင်ယိူည်ႇႎံင် (4)ထုတ်၊ ထုတ်ဒဲ့(22)ထုတ် ကစုကပိုမ် ထာန်ဇံန်(1462.6)ဂရမ် ကာည်း ပယာယီမွှေး ခံင်ယိူည်ႇလူည် ဂေါည် (126.4)ဂရမ် တောပ် ကအာင်ယာမ(113.6)ဂရမ်) ဘိူန်းတိုည်းဟာဝ်းအောႏ။

ဒီရ်;ကဇေန်နီး
ဆဒါင်

ဘံန်ဟောည်ႇဒေဲႈ ကျံရ်တီမ် ဆငည်း(27) အခိင်(4:30)ဒိူန်မာ် ဖုင်ပလိက်လှံင်ဂဲ ဘိူန်းတိုည်းတိုအီး ဒါခံင်ယိူည်ႇ တာနာည်ထူန်း အဆာက်(54)ဆန်ုမ် ဒီစေတ်ဆေးဂိက် ပလှံင်ဆဘော ။

ဆဒါင်

ဆီုက်ဘြာန်ဇေဝ်ဂဲနီန် ဆဲႈဒါႇဂဲ ဒါယာင်ပ်ုရ်၊ ပ္လေဒါင်းကာည်း ဒရိုင်း ပဴင်ပ္လေဘျုင်ဘည်ဒီန် ဘည်ကဇေန်နီးမာ် ဂေါႇဂဲဒါ ပ္လေဘျုင်ငံရ်က္လိုႇ ပဴင်လီပ်ခေဲင်လှံင် အီမိုႈ လူမ်ပျံတ်ယံတ်ငံရ်၊ လူမ်တီုင်အိုမ်ဘြည်ကတာည်း၊ လူမ်ပလိက်ကာည်း ခေဲင်လှံင်ဒီမံင်ခ္လံက်ဒိူန် ပဲန်ဟာဝ်းဒိုႇငံရ်က္လိုႇ။

ဆဒါင်

ဘည်မိုႈအ်ုန် ကျံရ်အူကိူရ် ဆငည်းအဒိူဝ်း အခိင်ခီညှာ(10:49)မနေဲတ်ဒိူန် ပရဝ်ယေထောည်ဒီန် ဆီုက်ဘြာန်ဇေဝ်ဂဲ ဒါနောႈကယေင်တေဲင်ကူန်ရဝ်မာဂါင်ဂဲ ဒါယာင်ပ်ုရ် ပဲင်ပ္လေဘျုင် ထာန်ဇံန်(250)အာရ်ပိုင်း လံက်အီမာည်း (1)အီး ကာည်း ဂါင် အူဂါင်လူလှဲဝ်ႏဟာဝ်း။

ဆဒါင်

ယာမ်မိုႈ ကျံရ်တီမ် (29) ဆငည်း အခိင် ခီညှာ(10)နြီဒိူန် တာကိုအူးဒီန် အခိင်အ်ုန်တိူဝ်ႈကႎှါင် ပ်ုန်ဟောည်ႇတိုက်ႎီရ်တိုအီးယံမ်း ဒါႈဒေဟာဝ်းႎီရ် ပလံပ်က်ုတ်ဆငည်း စီငျားဒေညဲ့မဴင်တိင်အူပိုင်း ယံမ်းဟာဝ်းပွံတ်။

ဆဒါင်

ပလှံင်မိုဂူႈ ပရဝ်ပါင်မထေက် ကျံရ်တီမ်၊ ဆငည်း(28)ဒိူန် အခိင်ဖုင်ပလိက်ကုင်တအာင်းဂဲ ရေဲန်ဇီုင်းကာန်စတ်ဆေးအ‌ရေးခံင်ယိူည်ႇ စီဘိူန်းတိုည်း တာအာည်ႇကျော်အဆာက် (30)ဆန်ုမ် ယိူဝ်းကဂေါပ်တောပ် ဖိင်လူည်းဟံပ်အူန်း ခေဲင်က္လာ့်ဆပျာ(2)က္လာ့်၊ ဟံပ်အူန်းဘိုး ဖိင်လူည်းခေဲင်ကဒည်ကဘဲဝ်အိုမ်ငါမ်းဘကာည်း ကအာင်းယာမ(504)ကအာင်းကာည်း ဓှုင်အူပိုင်း။

ဆဒါင်

ကုင်တအာင်း၊ လှံင်မာဝ်းဓံင်း၊ ဘည်အာဝ်မိူဝ်ႈမပဲန်ကတီုက်ကပဴင်မာ် ဆီုက်ဘြာန်ဇဝ်ဂဲ ရောတ်ဒေဲႈပဴင် ပ္လေဒါင်း ပရဝ်နံမ်ဆော လံက်ဟာဝ်း ကောန်အီမာည်း(1)အီး ကတူႈဘာတ်။

ဆဒါင်

ဂေါႇဆီုက်ဘြာန်ဇေဝ်ဂဲ ဒါပ္လေဘျုင်မိူဝ်ႈကောင်ပဴင်ဘည်ဒီန် ကောန်ဆီုက်တံပ်နာန်းတအာင်းကဲ ကတူႈဘည်မံဝ်း၊ ဘည်ဂိူဝ်း၊ ဘည်ဂေါည်ကီန်းဒည်း၊ ဘည်မှောည်၊ ဘည်တိုႈဖိူမ်ချာ်န်း ပဲန်မိူဝ်ႈဒိုႇလက္ခဏာဘည်နီန် ဘည်ကဇေန်နီး ကောန်ဆီုက်(TNLA)(3)အီး ကတူႈဆနံမ်းအူန်း ပယုင်ဆနံမ်။

ဆဒါင်

ယာမ်မိုႈ ကျံရ်တီမ်၊ ဆငည်း(20)ဒိူန် အခိင်ဖုင်ပလိက်ကုင်တအာင်းဂဲ ရေဲန်ဇီုင်းကာန်စတ်ဆေးအ‌ရေးခံင်ယိူည်ႇ စီဘိူန်းတိုည်း တာထဲက်နာည်အူး အဆာက် (32)ဆန်ုမ် ယိူဝ်းကဂေါပ်တောပ် ကအာင်းယာမ(20)ကအာင်းကာည်း ဓှိုင်(Oppo)အူပိုင်း။

ဆဒါင်

ကုင်တအာင်း၊ အိူင်မိုဂူႈ၊ လှံင်မိူင်လိုင်၊ ပရဝ်ပါင်ဆပေ ဂေါႇဆီုက်ဘြာန်ဇေဝ်ဂဲ ဒါယာင်ပ်ုရ် ရောတ်ဒေဲႈပဴင်ပ္လေဘျုင် ထာန်ဇံန်(500)(2)ပိုင်း လံက်ကျောင်စဝ်ကာည်း ဂါင်ဂေါည်(20)ဂါင် လူလှဲဝ်ႏဟာဝ်း။