၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် တအာင်းပြည်အပါအဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်း) ဒေသများ၌ နေရာကျဲကျဲ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး လာမည့် နှစ်ရက်အတွင်းတွင်လည်း ဆက်လက်ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ထို့အပြင် မိုးတိမ်တောင်များ ရွေ့လျားရာတစ်လျှောက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် သစ်ပင်ကြီးများ၊ ဓာတ်အားလိုင်းများနှင့် ကွင်းပြင်များကို ရှောင်ရှားပြီး ကြိုတင်သတိပြု နေထိုင်ကြရန် တိုက်တွန်းထားပါသည်။
ယခုဖတ်ရန်မီးဘေးအန္တရာယ်သည် လူ့အသက်နှင့် အိုးအိမ်စည်းစိမ်ဥစ္စာများကို အလွန်ကြီးမားစွာ ထိခိုက်ပျက်စီးစေနိုင်သည့် အန္တရာယ်တစ်ရပ်ဖြစ်သည်။ ရန်သူမျိုးငါးပါးတွင် ပါဝင်သည့် မီးဘေးသည် လူ့ဘဝနှင့် စည်းစိမ်ဥစ္စာများကို တဒင်္ဂမျှအတွင်း ဖျက်ဆီးပစ်နိုင်စွမ်းရှိသည့် အန္တရာယ်ကြီးတစ်ရပ်ဖြစ်သည်။ သူခိုးဓားပြ လက်တွင် ပါသွားသည့် စည်းစိမ်အချို့ ပြန်လည်ရှာဖွေစုဆောင်းနိုင်သော်လည်း မီးဘေးကြုံတွေ့ပါက အိုးအိမ်ပစ္စည်းများ အလုံးစုံ ပျက်စီးဆုံးရှုံးနိုင်သည်။
လူကြည့်အများဆုံး သတင်းများ