တအာင်းပြည်ကျန်းမာရေးကောင်စီ (THC) မှ ရာသီဥတုအကူးအပြောင်းကာလများတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ (Dengue Fever) ဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများသို့ အသိပေးနှိုးဆော်ချက် ထုတ်ပြန်ထားသည်။ အဆိုပါထုတ်ပြန်ချက်တွင် ရောဂါဖြစ်ပွားရသည့် အကြောင်းရင်း၊ သာမန်နှင့် ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများ၊ အိမ်တွင်းပြုစုစောင့်ရှောက်ရမည့်နည်းလမ်းများနှင့်အတူ ရေဝပ်စရာနေရာများကို "ဖုံး၊ သွန်၊ လဲ၊ စစ်၊ ထည့်" နည်းလမ်းများဖြင့် နေ့စဥ်ပုံမှန်ရှင်းလင်းကာ ခြင်ကင်းစင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။
ယခုဖတ်ရန်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန Women Empowerment Program Team မှ နမ့်ခမ်း၊ နမ့်ဆန်၊ မိုင်းငေါ့ မြို့နယ် ၃ မြို့နယ်ရှိ ကျေးရွာ ၁၉ ရွာက ဒေသခံ (၆၀၀)ကျော်အား အိမ်တွင်းအကြမ်းဖက်မှုပပျောက်စေရေး၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနှင့် သက်ဆိုင်သည့် အသိပညာပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
လူကြည့်အများဆုံး သတင်းများ