91

PSLF/TNLA အမျိုးသမီးများအဖွဲ့မှ ဦးဆောင်ပြီး မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
09 March 2024

PSLF/TNLA အမျိုးသမီးများအဖွဲ့မှ ဦးဆောင်ပြီး မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့


နမ့်ခမ်း၊ မတ်လ ၉ ရက်


တအာင်းပြည်နယ်၊ နမ့်ခမ်းမြို့တွင် PSLF/TNLA အမျိုးသမီးများအဖွဲ့မှ ဦးဆောင်ပြီး  ယမန်နေ့ မတ်လ (၈)ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာအမျိုးသမီးများနေ့ (International Women's Day) အခမ်းအနားကို နံနက် ၉း၀၀ နာရီမှ နေ့လည် ၁၂း၀၀ နာရီအထိ နမ့်ခမ်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ 




အခမ်းအနားတွင် PSLF/TNLA ဒုဥက္ကဋ္ဌ (၁) ဒုတိယ ဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ PSLF/TNLA အရာရှိအရာခံများနှင့် နမ့်ခမ်းမြို့နယ် ပြည်သူလူထုများ တက်ရောက်ခဲ့ကြသည်။ ထိုနောက် PSLF/TNLA ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားမှ အမှာစကားပြောကြားခဲ့ပြီး၊  အမျိုးသမီးကော်မတီ ဗိုလ်ကြီးယေကာနှင့် နမ့်ခမ်းမြို့နယ်ရဲမှူး ဗိုလ်နောရိူရ်းတို့လည်း တက်‌ရောက် အမှာစကားပြောကြားခဲ့သည်။





နိုင်ငံတကာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန၏ လုပ်ငန်းစဥ်နှင့်

တအာင်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အမျိုးသမီးများအပေါ်အကြမ်းဖက်ခံရမှုများအကြောင်း ဆွေးနွေးတင်ပြခဲ့သည်။





PSLF/TNLA အမျိုးသမီးများအဖွဲ့မှ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာအမျိုးသမီးများနေ့မှာ  အမျိုးသမီးများ နိုင်ငံတကာအမျိုးသမီးများနေ့အကြောင်း သိရှိရန်၊ အမျိုးသမီးအပေါ် အကြမ်းဖက်မှုများ လျှော့နည်းလာစေရန်၊ အမျိုးသမီးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို တောင်းဆိုတက်ပြီး အသုံးပြုတက်စေရန်နှင့် PSLF/TNLA အမျိုးသမီးဌာန၏ လုပ်ငန်းစဉ်များတွင် ပူပေါင်းပါဝင်လာစေရန်၊ ရပ်ရွာအတွင်း အကြမ်းဖက်ခံရသောအမျိုးသမီးများကို ရပ်ရွာအတွင်းရှိ အမျိုးသမီးအားလုံးဝိုင်းဝန်ကူညီနိုင်ရန်တို့ ဖြစ်သည်။




နမ့်ခမ်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားကို PSLF/TNLA ဒုဥက္ကဋ္ဌ (၁) ဒုတိယ ဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား အပါအဝင် အမျိုးသမီးအဖွဲ့ဝင်ခေါင်းဆောင်များ၊ ဌာနဆိုင်ရာ အသီးသီးမှ အရာရှိအရာခံများ နှင့် နမ့်ခမ်းမြို့နယ် ပြည်သူလူထုများ စုစုပေါင်း (၅၀၀)ကျော် တက်ရောက်ခဲ့ကြသည်။


#PSLF/TNLA 

#သတင်းနှင့် ပြန်ကြာရေးဌာန

Topics: PSLF/TNLA အမျိုးသမီးများအဖွဲ့မှ ဦးဆောင်ပြီး မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့
Tags: တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်