67

နမ့်ဆန်မြို့တွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးဆော့ရာမှ ပေါက်ကွဲပြီး ကလေး (၃)ဦးသေဆုံး

ဒေသတွင်းသတင်း
02 February 2024

နမ့်ဆန်မြို့တွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးဆော့ရာမှ ပေါက်ကွဲပြီး ကလေး (၃)ဦးသေဆုံး


နမ့်ဆန်၊ ဖေဖော်ဝါရီ (၂)ရက်


တအာင်းပြည်နယ် တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ်တွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးတစ်လုံးအား ကလေးငယ် ၃ ဦးက ဆော့ကစားရာမှ ပေါက်ကွဲပြီး ကလေးငယ် (၃)ဦးစလုံး ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။


ယနေ့ ဖေဖော်ဝါရီလ (၂)ရက်နေ့ နေ့လည်(၉း၀၀) အချိန်၊ နမ့်ဆန်မြို့နယ်၊ ဇယန်းကြီးရပ်ကွက်တွင် နမ့်ဆန်မြို့တိုက်ပွဲအတွင်း မပေါက်ကွဲဘဲ ကျန်ရှိနေသည့် စစ်ကောင်စီ၏လက်နက်ကြီးတစ်လုံးအား ကလေးငယ် (၃)ဦးတွေ့ရှိရာမှ ဆော့ကစားနေကြစဥ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။


ထိုကဲ့သို့ပေါက်ကွဲမှုကြောင့် မိုင်းနေမင်းအောင် အသက် (၆)နှစ်၊ မိုင်းလှိုင်မင်းအောင် အသက် (၁၀)နှစ်၊ မိုင်းအောင်ကျော်ဇော် အသက် (၁၁)နှစ်တို့ (၃)ဦးစလုံး ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။


နမ့်ဆန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၎င်းတို့တပ်ဝန်းကျင်အပြင် မြို့တွင်းတပ်စွဲထားသည့်နေရာများနှင့် ပြည်သူလူထုများ၏ ခြံဝန်းအတွင်း ထောင်ထားသည့်မိုင်းများနှင့် မပေါက်ကွဲသေးသည့် ၎င်းတို့ပစ်ခတ်သည့်လက်နက်ကြီးများအား PSLF/TNLA မှ လိုက်လံရှင်းလင်းနေပြီး တွေ့ရှိပါက အကြောင်းကြားရန်ညွှန်ကြားထားခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်မြို့တွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးဆော့ရာမှ ပေါက်ကွဲပြီး ကလေး (၃)ဦးသေဆုံး
Tags: တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်