80

ဇန်နဝါရီလအတွင်း PSLF/TNLA ၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက မြို့နယ် ၃ မြို့နယ်ရှိ ကျေးရွာ ၁၉ ရွာတွင် အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး အသိပညာပေးမှုများပြုလုပ်

ဒေသတွင်းသတင်း / ဒေသတွင်း
09 February 2024

ဇန်နဝါရီလအတွင်း PSLF/TNLA ၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက မြို့နယ် ၃ မြို့နယ်ရှိ ကျေးရွာ ၁၉ ရွာတွင် အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး အသိပညာပေးမှုများပြုလုပ်


တအာင်းပြည်နယ်၊ ဖေဖော်ဝါရီလ ၈ ရက်


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန Women Empowerment Program Team မှ နမ့်ခမ်း၊ နမ့်ဆန်၊ မိုင်းငေါ့ မြို့နယ် ၃ မြို့နယ်ရှိ ကျေးရွာ ၁၉ ရွာက ဒေသခံ (၆၀၀)ကျော်အား အိမ်တွင်းအကြမ်းဖက်မှုပပျောက်စေရေး၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနှင့် သက်ဆိုင်သည့် အသိပညာပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။




နမ့်ခမ်းမြို့နယ်တွင် တာပုံကျေးရွာ၊ နမ့်ဆန်မြို့နယ်တွင် ကျေးရွာ (၇)ရွာ၊ မိုင်းငေါ့မြို့နယ်တွင် ကျေးရွာ (၁၁)ရွာ တွင် အိမ်တွင်းအကြမ်းဖက်မှုပပျောက်စေရေး အသိပညာများအပြင် အမျိုးသမီးနှင့် မူးယစ်ဆေးဝါး၊ အမျိုးသမီးနှင့် ကျန်းမာရေး၊ အမျိုးသမီးနှင့်ပညာရေး၊ အမျိုးသမီးနှင့်စီးပွားရေး၊ အမျိုးသမီးနှင့် မိသားစုစီမံကိန်း နှင့် အမျိုးသမီးအခွင့်အရေးများ စသည့် အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးဆိုင်ရာ အသိပညာများပို့ချပေးခဲ့သည်။




တအာင်းပြည်နယ်အတွင်းရှိ အမျိုးသမီးများအနေဖြင့် အမျိုးသမီးအခွင့်အရေး အပြည့်အဝရရှိစေရေး၊ အိမ်းတွင်းအကြမ်းဖက်မှုပပျောက်စေရေးနှင့် အမျိုးသမီးနှင့် ကလေးသူငယ်များ ကျန်းမာရေးနှင့် ပညာရေးကောင်းမွန်စေရေးအတွက် ရည်ရွယ်ပြီး လစဉ်ကွင်းဆင်းဆောင်ရွက်လျှက်ရှိသည်။






PSLF/TNLA ၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် လုပ်ငန်းစဉ် (၃)ရပ်ဖြင့်ဖွဲ့စည်းထားပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလျှော့ချရေးလုပ်ငန်းစဉ်၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနှင့် စည်းရုံးရေးလုပ်ငန်းစဉ်နှင့် အိမ်တွင်းမှုနှင့် ဝင်ငွေလည်ပတ်စီးဆင်းမှုလုပ်ငန်းစဉ်တို့ဖြစ်သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ဇန်နဝါရီလအတွင်း PSLF/TNLA ၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက မြို့နယ် ၃ မြို့နယ်ရှိ ကျေးရွာ ၁၉ ရွာတွင် အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး အသိပညာပေးမှုများပြုလုပ်
Tags: တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်