96

ကွတ်ခိုင်တွင် PSLF/TNLA ယူနီဖောင်နှင့် ဆင်တူသည့် ပျောက်ကြားဘောင်းဘီဝတ်စုံဖြင့် မူးယစ်ဆေးဝါး ရောင်းချသူများ ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
13 March 2024

ကွတ်ခိုင်တွင် PSLF/TNLA ယူနီဖောင်နှင့် ဆင်တူသည့် ပျောက်ကြားဘောင်းဘီဝတ်စုံဖြင့် မူးယစ်ဆေးဝါး ရောင်းချသူများ ဖမ်းဆီးရမိ


ကွတ်ခိုင်၊ မတ်လ ၁၃ ရက်


တအာင်းပြည်နယ်၊ တပ်မဟာ (၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ် မတ်လ ၁၀ ရက်နေ့တွင် PSLF/TNLA ယူနီဖောင်နှင့် ဆင်တူသည့် ပျောက်ကြားဘောင်းဘီဝတ်စုံဖြင့် မူးယစ်ဆေးဝါးရောင်းချသူများကို  PSLF/TNLA အုပ်ချုပ်ရေးမှ ဖမ်းဆီးခဲ့သည်။


ကချင်လူမျိုးဖြစ်သူ မာနော် အသက်(၂၄) နှစ်သည် တအာင်းတပ်မတော် ယူနီဖောင်နှင့် ဆင်တူသည့် ပျောက်ကြားဘောင်းဘီဝတ်စုံဖြင့် ဝတ်ဆင်ကာ မူးယစ်ဆေးဝါး ရောင်းချနေခြင်းဖြစ်သည်။ ၎င်းအတူ ရောင်းဝယ်သူ (၄) ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်။


အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်နေသူများကို ကွတ်ခိုင်မြို့  ရပ်ကွက် (၅)တွင် မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးအသုံးဆောင်ပစ္စည်းများ၊ လက်နက်ပစ္စည်းအချို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။


၎င်းတို့ (၅)ဦးကို  PSLF/TNLA အုပ်ချုပ်ရေးဌာနမှ  ဖမ်းဆီးထိန်းသိမ်းထားပြီး PSLF/TNLA မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။


စစ်ကောင်စီလက်ထက်တွင် ကွတ်ခိုင်မြို့အတွင်း ပေါ်ပေါ်ထင်ထင် မူးယစ်ဆေးရောင်းဝယ်မှုနှင့် လောင်းကစားရုံများ ပေါများလာမှုကြောင့် ခိုးဆိုးလုယှက်မှုလည်း မကြာခဏဖြစ်ပွားခဲ့သည်။


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA သည် 

ကွတ်ခိုင်မြို့ကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီးနောက်တွင် မူးယစ်ဆေးဝါးနှင့် လောင်းကစားရုံများကို ဖမ်းဆီးအရေးယူမှုများ ဆက်လက်လုပ်ဆောင်နေသည်။ 


#PSLF/TNLA

#သတင်းနှင့် ပြန်ကြားရေးဌာန


Topics: ကွတ်ခိုင်တွင် PSLF/TNLA ယူနီဖောင်နှင့် ဆင်တူသည့် ပျောက်ကြားဘောင်းဘီဝတ်စုံဖြင့် မူးယစ်ဆေးဝါး ရောင်းချသူများ ဖမ်းဆီးရမိ
Tags: တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်