306

၁၀၂၇ စစ်ဆင်ရေး အပိုင်း( ၂ ) မှ စစ်ကောင်စီ တပ်စခန်း ( ၂၄)ခု၊ စစ်သုံ့ပန်း (၁၇)ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

သတင်း / နိုင်ငံရေး
26 June 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း( ၂ ) မှ စစ်ကောင်စီ တပ်စခန်း ( ၂၄)ခု၊ စစ်သုံ့ပန်း (၁၇)ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

 

တအာင်းပြည်၊ ဇွန်လ (၂၆)ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါစသည့်မြို့နယ်များတွင် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) တိုက်ပွဲဖော်ဆောင်ရာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ စစ်ကောင်စီတပ်စခန်း (၂၄)ခု တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး လက်နက်ခဲယမ်း အများအပြားနှင့် စစ်သုံ့ပန်း (၁၇)ဦး ဖမ်းဆီးရမိခဲ့သည်။

 



၁။ (၂)ရက်တာတိုက်ပွဲအတွင်း ကျောက်မဲမြို့နယ်ရှိ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ်(၃၅၂)အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်းစသည့် စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

 



၂။ နောင်ချိုမြို့နယ်ရှိ ရမခ(၁၁၅)၊ ရဲစခန်း၊ ကံ့ကော်စခန်း၊ ခဲမွန်စခန်း၊ ကျောက်ကြမ်းစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီးစသည့် စစ်ကောင်စီစခန်းများကို သိမ်းပိုက်ရရှိခဲ့သည်။

 



၃။ မိုးကုတ်မြို့နယ် ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းတို့အား အသီးသီးသိမ်းပိုက်နိုင်ခဲ့သည်။

 

 

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်မျိုးစုံ (၅၁)လက်၊ RPG – 7 (၁)လက်၊ ၆၀ မမ (၁)လက်၊ စက်လတ် (၁)လက်၊ ကား (၂)စီး၊ ဒရုန်းကာကွယ်သည့် ဂျမ်ဘာ၊ စက်သွယ်ရေးပစ္စည်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိထားသည်။ ထို့အပြင် ရန်သူ့အလောင်း (၂၀)နှင့် လက်နက်ချ အလင်းဝင်သည့် စစ်ကောင်စီတပ်သား (၁၇)ဦးကို ဖမ်းဆီးရမိခဲ့သည်။

 


 

ဇွန်လ (၂၆)ရက် ညနေ (၇)နာရီအထိ ဆက်သွယ်ရယူထားသည့် မြေပြင်သတင်းအရ ညနေပိုင်း (၃)နာရီတွင် နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာအား စစ်ကောင်စီတပ်မှ Y-12 ထောက်ပို့လေယာဉ်ဖြင့် ဗုံး(၂)လုံးကြဲခဲ့သည့်အပြင် (၅း၂၇)အချိန်နှင့် (၇)နာရီတွင်တစ်ကြိမ် Jet fighter တစ်စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

 

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း( ၂ ) မှ စစ်ကောင်စီ တပ်စခန်း ( ၂၄)ခု၊ စစ်သုံ့ပန်း (၁၇)ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်