22

မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်မှ တအာင်းတပ်မတော် TNLA ရှိရာသို့ ထိုးစစ်ဆင်တိုက်ခိုက်

သတင်း / တအာင်းနိုင်ငံရေး
22 January 2024

မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်မှ တအာင်းတပ်မတော် TNLA ရှိရာသို့ ထိုးစစ်ဆင်တိုက်ခိုက်


တအာင်းပြည်နယ်၊  ဇန်န၀ါရီ ၂၂ ရက်

၁၀၂၇စစ်ဆင်ရေး


  တအာင်းပြည်နယ်၊ တပ်မဟာ(၂)စစ်ဒေသ မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်မှ တအာင်းတပ်မတော် TNLA ရှိရာသို့ လာရောက်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ 


  ယမန်နေ့ ည(၈း၀၀)နာရီခန့်ချိန်တွင် စစ်ကောင်စီတပ်မှ တအာင်းတပ်မတော် TNLA ရှိရာ မိုးကုတ်နှင့် မိုးမိတ်ကြား ၈ မိုင်သို့ လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက် (၃)လက် သိမ်းဆည်းရခဲ့မိသည်။ 


လွန်ခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့တွင်လည်း တပ်မဟာ(၂)စစ်ဒေသ ကျောက်မဲမြို့တွင် စစ်ကောင်စီ ၅၀၁-၅၀၂ တပ်စခန်းမှ အင်အားအလုံးအရင်းဖြင့် တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာ ငြိမ်းချမ်းရေးကုန်းသို့ လာရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ တအာင်းတပ်မတော် PSLF/TNLA မှ အခြေချတပ်စွဲထားသော ငြိမ်ချမ်းရေးကုန်းကို မိဘပြည်သူများ စစ်ဘေးဒဏ်သင့်မည် ဖြစ်၍နှင့် ဆုံးရှုံးမှုများမည်စိုးရိမ်းသောကြောင့် ယာယီ နောက်ဆုတ်ပေးခဲ့ရသည်။ 


ဇန်နဝါလရီလ ၁၁ ရက်နေ့တွင် အပစ်ခတ်ရပ်စဲရေးလက်မှတ် ထိုးခဲ့ပြီးနောက်၊ ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့အထိ စစ်ကောင်စီတပ်မှ မိုးမိတ်၊ ကျောက်မဲ၊ မိုးကုတ်၊ နမ့်ခမ်း၊ လားရှိုးမြို့နယ်သို့ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်း၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လျက်ရှိသည်။    စစ်ကောင်စီ၏ လုပ်ရပ်သည် အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို အကြိမ်ကြိမ်ချိုးဖောက်ခြင်းဖြစ်သည်။ 


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်နယ်၊ တပ်မဟာ(၂)စစ်ဒေသ မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်မှ တအာင်းတပ်မတော် TNLA ရှိရာသို့ လာရောက်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်