23

တအာင်းပြည်နယ်အတွင်း ၁၀၂၇ စစ်ဆင်ရေး၏ ဇန်န၀ါရီလ (၂၂)ရက်နေ့တွင် စကစတပ်မှ တအာင်းတပ်မတော် TNLA ရှိရာသို့ ထိုးစစ်ဆင်တိုက်ခိုက်

သတင်း / တအာင်းနိုင်ငံရေး
23 January 2024

တအာင်းပြည်နယ်အတွင်း ၁၀၂၇ စစ်ဆင်ရေး၏ ဇန်န၀ါရီလ (၂၂)ရက်နေ့တွင် စကစတပ်မှ တအာင်းတပ်မတော် TNLA ရှိရာသို့ ထိုးစစ်ဆင်တိုက်ခိုက်


တအာင်းပြည်နယ်၊  ဇန်န၀ါရီလ ၂၂ ရက်

၁၀၂၇စစ်ဆင်ရေး


တအာင်းပြည်နယ်၊ တပ်မဟာ(၂)စစ်ဒေသ၊ မိုးကုတ်မြို့နယ် စစ်ကောင်စီတပ်မှ ယနေ့ နေ့လည် (၁း၁၀)နာရီအချိန်တွင် တအာင်းတပ်မတော် TNLA ရှိရာ မိုးကုတ်နှင့် မိုးမိတ်ကြား ၉ မိုင် နှင့် လွယ်ဆာကုန်ကျေးရွာအနီးတဝိုက်သို့ Jet Fighter ဖြင့် (၁)ကြိမ်၊ ATR-42 ဖြင့် (၁)ကြိမ် ဗုံး (၁၀)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ 


   ယမန်နေ့ ည(၈း၀၀)နာရီခန့်ချိန်တွင်လည်း စစ်ကောင်စီတပ်မှ တအာင်းတပ်မတော် TNLA ရှိရာ မိုးကုတ်နှင့် မိုးမိတ်ကြား ၈ မိုင်သို့ လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက် (၄)လက် သိမ်းဆည်းရခဲ့မိသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်နယ်အတွင်း ၁၀၂၇ စစ်ဆင်ရေး၏ ဇန်န၀ါရီလ (၂၂)ရက်နေ့တွင် စကစတပ်မှ တအာင်းတပ်မတော် TNLA ရှိရာသို့ ထိုးစစ်ဆင်တိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး

မှတ်ချက်များ
သင်၏ ထင်မြင်ချက်