နမ့်ခမ်းမြို့တွင် ရပ်ကွက် (၁၄) ခုမှ အသင်းများ ပါဝင်ယှဉ်ပြိုင်သည့် ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၁၂ ရက်တွင် စတင်ကျင်းပခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ PSLF/TNLA ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး ဂျုတ်ဂျားနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများအပါအဝင် လူဦးရေ ၁,၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ ပြိုင်ပွဲကို ရပ်ကွက်များအကြား စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ လူငယ်များ၏ အားကစားစိတ်ဓာတ် မြှင့်တင်ရေးတို့အတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
ယခုဖတ်ရန်နမ့်ခမ်းမြို့တွင် ရပ်ကွက် (၁၄) ခုမှ အသင်းများ ပါဝင်ယှဉ်ပြိုင်သည့် ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၁၂ ရက်တွင် စတင်ကျင်းပခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ PSLF/TNLA ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး ဂျုတ်ဂျားနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများအပါအဝင် လူဦးရေ ၁,၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ ပြိုင်ပွဲကို ရပ်ကွက်များအကြား စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ လူငယ်များ၏ အားကစားစိတ်ဓာတ် မြှင့်တင်ရေးတို့အတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
တအာင်းပြည်၊ နမ့်ဆန်မြို့ အ.ထ.က (၁) တွင် Grade-9 မှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူများအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ဥပဒေဆိုင်ရာ အသိပညာ၊ လူငယ်ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို သက်ဆိုင်ရာဌာနများနှင့် TLEC တို့ ပူးပေါင်းကျင်းပခဲ့ရာ လူဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့သည်။
နမ့်ခမ်းမြို့တွင် တအာင်းပြည်သူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ်၏ အပတ်စဉ် (၂) သူနာပြုဦးဆောင်းနှင့် ကုတ်အင်္ကျီအပ်နှင်းပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို အောက်တိုဘာ ၉ ရက်တွင် ကျင်းပခဲ့ပြီး ကျောင်းသူ၊ ကျောင်းသား ၃၅ ဦးအား သူနာပြုပညာရပ်ဆိုင်ရာ သင်တန်းများကို ၂ နှစ်ကြာ သင်ကြားပို့ချကာ အရည်အချင်းပြည့်ဝပြီး ကျင့်ဝတ်ကောင်းမွန်သော သူနာပြုများ မွေးထုတ်ပေးရန် ရည်ရွယ်ထားသည်။
တအာင်းပြည်၊ နမ္မတူမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများ ကျန်းမာရေးအသိပညာ တိုးပွားစေရန်နှင့် ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ တအာင်းပြည်ကျန်းမာရေးကောင်စီ (THC) က အောက်တိုဘာ ၁၃ ရက်တွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပြီး ကူးစက်ရောဂါကာကွယ်ရေး၊ အသည်းရောင်အသားဝါ B၊ C ပိုးနှင့် HIV ရောဂါများအကြောင်း အသိပညာပေးဆွေးနွေးခဲ့သည်။
လူကြည့်အများဆုံး သတင်းများ