2317

တအာင်းပြည် အပါအဝင် ရှမ်းမြောက်ဒေသတွင် နိုဝင်ဘာလ ဒုတိယ (၁၅) ရက်ပတ်အတွင်း အအေးဒဏ် ပိုမိုပြင်းထန်လာနိုင်

ဒေသတွင်းသတင်း / ဒေသတွင်း
17 November 2026

တအာင်းပြည် အပါအဝင် ရှမ်းမြောက်ဒေသတွင် နိုဝင်ဘာလ ဒုတိယ (၁၅) ရက်ပတ်အတွင်း အအေးဒဏ် ပိုမိုပြင်းထန်လာနိုင်

နမ့်ဆန်၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်

တအာင်းပြည် အပါအဝင် ရှမ်းမြောက်ဒေသတွင် နိုဝင်ဘာလ ဒုတိယ (၁၅) ရက်ပတ်ဖြစ်သည့် နိုဝင်ဘာ (၁၆) ရက်မှ (၃၀) ရက်အတွင်း အရှေ့မြောက်မုတ်သုံလေ အားကောင်းစွာ စတင်ဝင်ရောက်လာမည်ဖြစ်သဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မိုးကင်းစင်ပြီး ဆောင်းရာသီ အအေးဒဏ် စတင်ပြင်းထန်လာမည်ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ ခန့်မှန်းချက်အရ သိရသည်။

တအာင်းပြည် အပါအဝင် ဒေသအလိုက် မိုးလေဝသအခြေအနေများအရ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ သီပေါ၊ ကျောက်မဲနှင့် နမ့်ခမ်းမြို့နယ်တို့တွင် မိုးကင်းစင်မည်ဖြစ်ပြီး ညအပူချိန်မှာ (၉) ဒီဂရီစင်တီဂရိတ်မှ (၁၂) ဒီဂရီစင်တီဂရိတ်အထိ သိသိသာသာ ကျဆင်းလာမည်ဖြစ်ကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။

သို့ဖြစ်ပါ၍ ဒေသခံပြည်သူများအနေဖြင့် အအေးဒဏ်ကို ကြိုတင်ကာကွယ်နိုင်ရန် နွေးထွေးသောအဝတ်အစားများ ဝတ်ဆင်ကြရန်နှင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးအားနည်းသူများကို အထူးဂရုပြုစောင့်ရှောက်ကြရန် တိုက်တွန်းနှိုး‌ဆော်အပ်ပါသည်။

တင်ပြသူ — မိုးလေဝသနှင့် အယ်နီညို စောင့်ကြည့်ရေးအဖွဲ့
တင်ပြသည့်ဌာန — PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန
ကိုးကား — မိုးလေဝသပညာရှင် ဦးဝင်းနိုင်၊ ထွက်တိုး (မိုးလေဝသအခြေအနေ သုံးသပ်ပေးသည့်ပေ့ချ်)

Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

Topics: တအာင်းပြည် အပါအဝင် ရှမ်းမြောက်ဒေသတွင် နိုဝင်ဘာလ ဒုတိယ (၁၅) ရက်ပတ်အတွင်း အအေးဒဏ် ပိုမိုပြင်းထန်လာနိုင်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်