မန်တုံနှင့် နမ္မတူမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူ (၁)ဦးနှင့် လက်ဝယ်ထားရှိသူ (၁)ဦး ဖမ်းဆီးရမိ

တအာင်းပြည်၊ နမ္မတူနှင့် မန်တုံမြို့တို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် WY ယာမဆေးပြား စုစုပေါင်း ၅၂၄ ပြားနှင့်အတူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ့်ဆန်မြို့နယ်၊ မန်လုံးကျေးရွာတွင် အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၆:၀၀ နာရီခန့်က မီးကြိုးရှော့ခ်ဖြစ်ပွားရာမှ ဦးအိုက်ရွှေ၏ နေအိမ် မီးလောင်ကျွမ်းခဲ့ပြီး ရွှေ၊ ကျောက်မျက်ရတနာများ၊ ငွေသားကျပ်သိန်း ၃၀ နှင့် အိမ်သုံးပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သည်။ ကျေးရွာတာဝန်ရှိသူများနှင့် ပြည်သူများ ပူးပေါင်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၇:၃၀ နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည် နမ့်ဆန်မြို့ရှိ အ.ထ.က (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် တအာင်းပညာရေးအကယ်ဒမီ (TEA) တို့တွင် တအာင်းပြည် ပညာရေးကောင်စီ (TLEC) ဦးဆောင်၍ အောက်တိုဘာ ၅ ရက်တွင် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားများကို ကျင်းပခဲ့ပြီး ဆရာ၊ ဆရာမများ၏ ပညာရေးကဏ္ဍအပေါ် ပံ့ပိုးမှုနှင့် အရေးပါသော အခန်းကဏ္ဍများကို ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက အမှတ်တရစကားများ၊ ဖျော်ဖြေမှုများနှင့် အမှတ်တရလက်ဆောင်များဖြင့် ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဒေသတွင်းသတင်း

နမ့်ခမ်းမြို့တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆေးမှုများအတွင်း ဘိန်းဖြူနှင့် ယာမဆေးပြားများ လက်ဝယ်တွေ့ရှိသူ ၃ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ဆက်လက်အရေးယူမည်ဖြစ်သည်။

လူကြည့်အများဆုံး သတင်းများ

11 October 2026