တအာင်းပြည်၊ နမ္မတူနှင့် မန်တုံမြို့တို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် WY ယာမဆေးပြား စုစုပေါင်း ၅၂၄ ပြားနှင့်အတူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။
ယခုဖတ်ရန်တအာင်းပြည် ပြည်သူ့ဆက်ဆံရေးစင်တာ (PRC) သည် ပြည်သူများ၏ အခက်အခဲများ၊ အကူအညီလိုအပ်ချက်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာမှုများကို လက်ခံမှတ်တမ်းတင်ကာ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဖြေရှင်းပေးရန် ဆောင်ရွက်နေပြီး PRC ၏ ဆက်သွယ်ရန်လမ်းကြောင်းများမှတစ်ဆင့် ပြည်သူများအနေဖြင့် လွတ်လပ်စွာ ဆက်သွယ်တင်ပြနိုင်ကြောင်း အသိပေးထားသည်။
တအာင်းပြည်ပညာရေးကောင်စီ (TLEC) ရုံးချုပ်၌ စက်တင်ဘာ (၁၇-၁၈) ရက်က ကျင်းပခဲ့သော အလုပ်ရုံဆွေးနွေးပွဲတွင် အဖွဲ့အစည်း၏ Supply Chain Management Policy မူကြမ်းကို အတည်ပြုနိုင်ခဲ့ပြီး အသုံးပြပုံစံ (Procurement Forms) များကို ပိုမိုစနစ်ကျအောင် ပြန်လည်ပြင်ဆင်ခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ TLEC ဥက္ကဋ္ဌ အပါအဝင် ဝန်ထမ်း (၄၀) ဦး တက်ရောက်ခဲ့ကြပါသည်။
တအာင်းပြည်၏ လက်ရှိလိုအပ်ချက်များနှင့် ကိုက်ညီသော အရည်အသွေးမြင့် အဆင့်မြင့်ပညာရေးစနစ် ဖော်ဆောင်နိုင်ရန် TLEC ဦးဆောင်၍ TLCU အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့ပြီး အဆင့်မြင့်ပညာရေးမူဝါဒ၊ TLCU ၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ၊ စံတန်ဖိုးများနှင့် ဖွဲ့စည်းပုံများကို ဆွေးနွေးအတည်ပြုခဲ့ကာ ဦးဆောင်အဖွဲ့ဝင် ၁၇ ဦးကို ဒီမိုကရေစီနည်းကျ ရွေးချယ်ခဲ့ကြသည်။
လူကြည့်အများဆုံး သတင်းများ