346

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၂) ရက်မြောက် ကျောက်မဲနှင့် မိုးမိတ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်ပြီး၊ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများပြား

သတင်း / နိုင်ငံရေး
06 July 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၂) ရက်မြောက် ကျောက်မဲနှင့် မိုးမိတ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်ပြီး၊ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများပြား

 

တအာင်းပြည်၊ ဇူလိုင်(၆)ရက်

တအာင်းပြည်စစ်ရေးသတင်း

 

တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ ကျောက်မဲမြို့နယ် ယနေ့ နံနက် (၇◌း၀၀) နာရီအချိန်တွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ် စကခ (၁)၊ ခမရ (၅၀၁)၊ ခမရ (၅၀၂) တပ်စခန်းကုန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

 




တပ်မဟာ(၃)စစ်ဒေသ မိုးမိတ်မြို့နယ် လယ်ကြီးရွာ နတ်စင်အနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ် စကခ(၂၁)၊ ခလရ (၃၄၈) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။




အလားတူ နောင်ချိုမြို့နယ် စစ်ကောင်စီတပ် ဒုံးတပ် (၆၀၆)စခန်းတွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိသည်။

ယနေ့ ဇူလိုင် ၆ရက်နေ့တွင် နောင်ချိုမြို့နယ် တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒုံးတပ် (၆၀၆)စခန်း အနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၁၀) ကြိမ်၊ Y12 ဖြင့် ဗုံး (၅၀)လုံး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ လားရှိုးမြို့နယ် အီနိုင်းရွာနှင့် (၁၀)မိုင်ကုန်း ကြားတွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့်  (၂)ကြိမ် ပြုလုပ်ခဲ့သည်။ ထို့ပြင် မိုးမိတ်မြို့ ရွှေဇာလီ စာသင်ကျောင်းသို့ စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် လေကြောင်းတိုက်ခိုက်မှု (၄)ကြိမ် တိုက်ခိုက်ခဲ့သည်။

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၂) ရက်မြောက် ကျောက်မဲနှင့် မိုးမိတ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်ပြီး၊ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများပြား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်