တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် ကျင်းပမည့် (၇၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် (၁၀) မိုင်ကျော် မာရသွန်အပြေးပြိုင်ပွဲနှင့် အသိပညာပေးအစီအစဉ်ကို ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကွန်ရက်က ဦးဆောင်ကျင်းပမည်ဖြစ်သည်။ လူ့အခွင့်အရေးအသိပညာ တိုးပွားစေရန်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား စည်းလုံးညီညွတ်မှု ခိုင်မာစေရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အသက် (၁၆) နှစ်နှင့်အထက် လူမျိုးဘာသာမရွေး ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဒီဇင်ဘာလ (၄) ရက်နေ့ နောက်ဆုံးထား၍ ကြိုတင်စာရင်းပေးသွင်းနိုင်သည်။
ယခုဖတ်ရန်တအာင်းပြည်အတွင်းရှိ နမ္မတူ၊ မိုင်းဝီး၊ မန်တုံနှင့် နမ့်ဆန်မြို့တို့၌ ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေးနှင့် မြို့ပြသန့်ရှင်းသာယာလှပရေးတို့အတွက် PSLF/TNLA ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ လမ်းများဖောက်လုပ်ပြုပြင်ခြင်း၊ တံတားဆေးသုတ်ခြင်း၊ ကျောင်းပတ်ဝန်းကျင်နှင့် ရေမြောင်းများ ရှင်းလင်းခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် အောက်တိုဘာလအတွင်း တအာင်းပြည်ရှိ မြို့နယ် (၁၁) မြို့နယ်မှ ကျေးရွာ (၃၆) ရွာရှိ ပြည်သူ စုစုပေါင်း (၁,၁၄၈) ဦးအား ကွင်းဆင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ကွင်းဆင်းပညာပေးမှုများကို နမ္မတူ၊ နမ့်ဆန်၊ နမ့်ခမ်း၊ မိုင်းဝီး၊ ကွက်ခိုင်၊ တန့်ယန်း၊ နမ့်ဖက်ကာ၊ မိုးကုတ်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းယော်နှင့် မိုင်းလုံမြို့နယ်များတွင် လွှမ်းခြုံပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဟောပြောဆွေးနွေးပွဲများတွင် အမျိုးသမီးအခွင့်အရေး၊ မျိုးဆက်ပွားကျန်းမာရေး၊ မိသားစုစီမံကိန်း၊ ကလေးအခွင့်အရေးအပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် Online ကျားဖြန့်ဆိုင်ရာ အကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေးခဲ့ကြပါသည်။
နမ့်ခမ်းမြို့ ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲကို အောက်တိုဘာ (၂၅) ရက်နေ့တွင် ကျင်းပခဲ့ရာ PSLF/TNLA ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး ဂျုတ်ဂျား တက်ရောက်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ရပ်ကွက် (၁၄) ခုမှ ယှဉ်ပြိုင်ခဲ့ကြပြီး ကောင်းတပ်ရပ်ကွက်အသင်းက ပထမဆု (ကျပ်သိန်း ၄၀) ကို ဆွတ်ခူးရရှိခဲ့သည်။
Writing တအာင်းပြည် နမ့်ခမ်း၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ အမျိုးသား ၇ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဘိန်းဖြူ ၃၉ ဂရမ်၊ ယာမဆေးပြား ၁၂၈ ပြားနှင့် အခြားဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
တအာင်းမြေတက္ကသိုလ် (TLU) တွင် ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုများကို နိုဝင်ဘာလ (၁၅) ရက်မှ ဒီဇင်ဘာလ (၃၁) ရက်အထိ လက်ခံသွားမည်ဖြစ်ပြီး စနစ်ဟောင်း Grade (10)၊ စနစ်သစ် Grade (12) အောင်မြင်သူများနှင့် CDM ကျောင်းသား/သူများ လျှောက်ထားနိုင်မည်ဖြစ်သည်။ ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ်များကို Zoom မှတစ်ဆင့် အွန်လိုင်းစနစ်ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း TLU က ထုတ်ပြန်ထားသည်။
လူကြည့်အများဆုံး သတင်းများ