နမ့်ခမ်းမြို့တွင် တအာင်းစာအဖွဲ့-TLA မှ ဌာနဆိုင်ရာဝန်ထမ်းများကို အခြေခံတအာင်းရုံးသုံးစာ အပတ်စဉ် (၁) သင်တန်းဆင်းပွဲကျင်းပ

တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် တအာင်းစာအဖွဲ့ (TLA) မှ ဦးဆောင်ဖွင့်လှစ်ခဲ့သည့် အခြေခံတအာင်းရုံးသုံးစာ အပတ်စဉ် (၁) သင်တန်းဆင်းပွဲကို အောက်တိုဘာလ (၂၁) ရက်နေ့တွင် ကျင်းပခဲ့သည်။ အဆိုပါသင်တန်းတွင် ဌာနဆိုင်ရာဝန်ထမ်း သင်တန်းသား/သူ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ပြီး တအာင်းစာကို ရုံးလုပ်ငန်းများတွင် မှန်ကန်စွာ ဖတ်ရှုရေးသားအသုံးပြုနိုင်ရန် သင်ကြားပို့ချပေးခဲ့ကာ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ္မတူမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများ ကျန်းမာရေးအသိပညာ တိုးပွားစေရန်နှင့် ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ တအာင်းပြည်ကျန်းမာရေးကောင်စီ (THC) က အောက်တိုဘာ ၁၃ ရက်တွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပြီး ကူးစက်ရောဂါကာကွယ်ရေး၊ အသည်းရောင်အသားဝါ B၊ C ပိုးနှင့် HIV ရောဂါများအကြောင်း အသိပညာပေးဆွေးနွေးခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပညာရေးအကယ်ဒမီ (TEA) မှ ဖွင့်လှစ်သည့် အပတ်စဉ် (၁) ဘွဲ့လွန်ဆရာအတတ်ပညာဒီပလိုမာ (အထက်တန်း) သင်တန်းဆင်းပွဲနှင့် ဒီပလိုမာဘွဲ့အပ်နှင်းခြင်းအခမ်းအနားကို အောက်တိုဘာ ၁၂ ရက်နေ့တွင် နမ့်ဆန်မြို့၌ ကျင်းပခဲ့ပြီး သင်တန်းဆင်း ဆရာ၊ ဆရာမ ၄၂ ဦးကို ဒီပလိုမာဘွဲ့များ အပ်နှင်းခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ္မတူမြို့ရှိ မီးပွိုင့်လမ်းဆုံတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် သွားလာရေး ပိုမိုချောမွေ့စေရေးအတွက် လမ်းအကျယ်နှင့် အရှည်တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိသည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ္မတူနှင့် မန်တုံမြို့တို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် WY ယာမဆေးပြား စုစုပေါင်း ၅၂၄ ပြားနှင့်အတူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။

လူကြည့်အများဆုံး သတင်းများ

21 October 2026