တအာင်းပြည်တွင် အရည်အချင်းပြည့်ဝသော သူနာပြုများ မွေးထုတ်ရေးအတွက် ကျန်းမာရေးကောလိပ်၏ အပတ်စဉ် (၂) သူနာပြုဦးဆောင်းနှင့် ကုတ်အင်္ကျီအပ်နှင်းပွဲ ကျင်းပ

နမ့်ခမ်းမြို့တွင် တအာင်းပြည်သူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ်၏ အပတ်စဉ် (၂) သူနာပြုဦးဆောင်းနှင့် ကုတ်အင်္ကျီအပ်နှင်းပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို အောက်တိုဘာ ၉ ရက်တွင် ကျင်းပခဲ့ပြီး ကျောင်းသူ၊ ကျောင်းသား ၃၅ ဦးအား သူနာပြုပညာရပ်ဆိုင်ရာ သင်တန်းများကို ၂ နှစ်ကြာ သင်ကြားပို့ချကာ အရည်အချင်းပြည့်ဝပြီး ကျင့်ဝတ်ကောင်းမွန်သော သူနာပြုများ မွေးထုတ်ပေးရန် ရည်ရွယ်ထားသည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်းပြည်ပညာရေးကောင်စီ (TLEC) ရုံးချုပ်၌ စက်တင်ဘာ (၁၇-၁၈) ရက်က ကျင်းပခဲ့သော အလုပ်ရုံဆွေးနွေးပွဲတွင် အဖွဲ့အစည်း၏ Supply Chain Management Policy မူကြမ်းကို အတည်ပြုနိုင်ခဲ့ပြီး အသုံးပြပုံစံ (Procurement Forms) များကို ပိုမိုစနစ်ကျအောင် ပြန်လည်ပြင်ဆင်ခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ TLEC ဥက္ကဋ္ဌ အပါအဝင် ဝန်ထမ်း (၄၀) ဦး တက်ရောက်ခဲ့ကြပါသည်။

ဒေသတွင်းသတင်း

TLAF မှ ယာဉ်အန္တရာယ် လျှော့ချရေးအတွက် နမ္မတူမြို့၌ ယာဉ်စည်းကမ်း အသိပညာပေးသင်တန်း ပို့ချပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကာ အခြားမြို့များတွင်ပါ ဆက်လက် ဆောင်ရွက်မည်ဖြစ်သည်။

ဒေသတွင်းသတင်း

တအာင်းပြည် နမ္မတူမြို့၌ ကျင်းပခဲ့သည့် အပတ်စဉ် (၂) ဥပဒေအရာရှိသင်တန်းဆင်းပွဲတွင် PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ဘုန်းကျော်က တရားဥပဒေစိုးမိုးရေးအတွက် မှာကြားခဲ့ပြီး သင်တန်းဆင်းများမှာ ဒေသတွင်း မြို့နယ်အသီးသီး၌ တာဝန်ထမ်းဆောင်ကြမည်ဖြစ်သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၏ လက်ရှိလိုအပ်ချက်များနှင့် ကိုက်ညီသော အရည်အသွေးမြင့် အဆင့်မြင့်ပညာရေးစနစ် ဖော်ဆောင်နိုင်ရန် TLEC ဦးဆောင်၍ TLCU အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့ပြီး အဆင့်မြင့်ပညာရေးမူဝါဒ၊ TLCU ၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ၊ စံတန်ဖိုးများနှင့် ဖွဲ့စည်းပုံများကို ဆွေးနွေးအတည်ပြုခဲ့ကာ ဦးဆောင်အဖွဲ့ဝင် ၁၇ ဦးကို ဒီမိုကရေစီနည်းကျ ရွေးချယ်ခဲ့ကြသည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ္မတူမြို့တွင် တအာင်းပြည် လူဝင်မှုကြီးကြပ်ရေးဌာနမှ ဦးဆောင်ဖွင့်လှစ်သည့် လူဝင်မှုကြီးကြပ်ရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအပတ်စဉ် (၁) သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့ပြီး သင်တန်းသူ/သား ၂၇ ဦးအား ရုံးလုပ်ငန်းနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အသိပညာ၊ ကျွမ်းကျင်မှုများကို သင်ကြားပေးခဲ့ကာ သင်တန်းဆင်းသူများသည် တအာင်းပြည်အတွင်း သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနများတွင် တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။

ဒေသတွင်းသတင်း

PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ၂၀၂၆ စက်တင်ဘာလအတွင်း တအာင်းပြည်နယ် မြို့နယ်(၉) ခုမှ ရွာ ၃၁ ရွာရှိ ဒေသခံ (၁,၀၈၇)ဦးအား အမျိုးသမီးနှင့် ကလေးအခွင့်အရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်အန္တရာယ်ဆိုင်ရာ အသိပညာပေးမှုများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

လူကြည့်အများဆုံး သတင်းများ

14 October 2026