တအာင်းပြည်ပညာရေးကောင်စီ-TLEC မှ နမ့်ဆန်မြို့ အ.ထ.က (၁) ကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသား/သူများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

တအာင်းပြည်ပညာရေးကောင်စီ-TLEC သည် စက်တင်ဘာ ၁၅ ရက်က နမ့်ဆန်မြို့ အ.ထ.က (၁) ကျောင်း၌ ဆရာ၊ ကျောင်းသား ၃၀၀ ကျော်နှင့်တွေ့ဆုံကာ စနစ်သစ်စစ်ဆေးအကဲဖြတ်ခြင်း၊ ပညာသင်ဆုနှင့် လူသားအရင်းအမြစ်မွေးထုတ်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ယခုပွဲသည် ကျောင်းသားများ၏ ပညာရေးအခက်အခဲများကို တိုက်ရိုက်ဖြေရှင်းပေးရန်နှင့် ဒေသတွင်းပညာရေးမြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery (M.B.,B.S)] အတွက် ဒုတိယအကြိမ် ဝင်ခွင့်လျှောက်လွှာများကို ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက်နေ့မှစတင်၍ ခေါ်ယူနေကြောင်း THC မှ ထုတ်ပြန်ကြောညာခဲ့ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ မိုင်းလုံမြို့နယ်၊ ညောင်ထောက်အုပ်စု၊ နားမျော်ကျေးရွာတွင် မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှုဖြင့် ဖမ်းဆီးခံရသည့် အသက် (၅၉) နှစ်အရွယ် ဒေါ်ခင်ကြည်ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တရားစီရင်ရေးဌာနမှ ထောင်ဒဏ် (၇) နှစ်ချမှတ်ခဲ့ပါသည်။

ဒေသတွင်းသတင်း

၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂ ရက်

လူကြည့်အများဆုံး သတင်းများ

22 September 2026