နမ့်ခမ်းမြို့တွင် ရပ်ကွက် (၁၄) ခုမှ အသင်းများ ပါဝင်ယှဉ်ပြိုင်သည့် ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၁၂ ရက်တွင် စတင်ကျင်းပခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ PSLF/TNLA ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး ဂျုတ်ဂျားနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများအပါအဝင် လူဦးရေ ၁,၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ ပြိုင်ပွဲကို ရပ်ကွက်များအကြား စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ လူငယ်များ၏ အားကစားစိတ်ဓာတ် မြှင့်တင်ရေးတို့အတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
ယခုဖတ်ရန်တအာင်းပြည်ပညာရေးကောင်စီ-TLEC သည် စက်တင်ဘာ ၁၅ ရက်က နမ့်ဆန်မြို့ အ.ထ.က (၁) ကျောင်း၌ ဆရာ၊ ကျောင်းသား ၃၀၀ ကျော်နှင့်တွေ့ဆုံကာ စနစ်သစ်စစ်ဆေးအကဲဖြတ်ခြင်း၊ ပညာသင်ဆုနှင့် လူသားအရင်းအမြစ်မွေးထုတ်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ယခုပွဲသည် ကျောင်းသားများ၏ ပညာရေးအခက်အခဲများကို တိုက်ရိုက်ဖြေရှင်းပေးရန်နှင့် ဒေသတွင်းပညာရေးမြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
တအာင်းပြည်အတွင်း တအာင်းလူငယ်များ၏ အနာဂတ်ပညာရေးလမ်းကြောင်းများ ဖော်ဆောင်ပေးနိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ Ta’angland Chinese Language Center (TCLC) မှ ဦးဆောင်ဖွင့်လှစ်မည့် တရုတ်ဘာသာစကားဒီပလိုမာ (Diploma in Chinese Language) သင်တန်း အပတ်စဉ် (၂) အတွက် ရွေးချယ်ခံရသူ သင်တန်းသား၊သူ (၅၇) ဦး၏ အင်တာဗျူးဖြေဆိုမည့် ရက်နှင့်အချိန်များကို အသိပေးအပ်ပါသည်။
နမ့်ခမ်းမြို့၊ တအာင်းပြည်တွင် PSLF/TNLA အုပ်ချုပ်မှုအောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ တအာင်းဘာသာစကား အခြေခံကျွမ်းကျင်စွာ အသုံးပြုနိုင်ရေးအတွက် တအာင်းစာအဖွဲ့-TLA မှ အခြေခံတအာင်းစာသင်တန်းကို စက်တင်ဘာ ၁၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းသူ ၁၇ ဦးနှင့် သင်တန်းသား ၂၃ ဦး စုစုပေါင်း ၄၀ ဦး တက်ရောက်သင်ယူလျက်ရှိပြီး တစ်လတာကာလအတွင်း ရုံးလုပ်ငန်းဆိုင်ရာများတွင် အသုံးပြုနိုင်ရန်နှင့် မှန်ကန်စွာ ဖတ်ရှုရေးသားတတ်မြောက်စေရေး သင်ကြားပေးသွားမည်ဖြစ်သည်။
တအာင်းပြည် နမ့်ဆန်နှင့် မိုင်းငေါ့မြို့နယ်များတွင် PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ ၁ ဦးနှင့် သုံးစွဲသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဘိန်းဖြူ ၃.၁ ဂရမ်၊ ယာမဆေးပြား ၁,၀၂၈ ပြား၊ ငွေကျပ် ၆၅၀,၀၀၀ နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကာ ဥပဒေနှင့်အညီ အရေးယူခြင်းနှင့် ပြန်လည်ပြုပြင်ရေး၊ အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
လူကြည့်အများဆုံး သတင်းများ