တအာင်းပြည် နမ့်ခမ်းနှင့် မိုင်းလုံမြို့နယ်တို့တွင် တအာင်းပြည်ရဲတပ်ဖွဲ့နှင့် တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၀၁) တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းများဆောင်ရွက်စဉ် နိုဝင်ဘာလ ၂ ရက်နှင့် အောက်တိုဘာလ ၂၅ ရက်တို့၌ မူးယစ်ဆေးဝါးရောင်းဝယ်သူ ၂ ဦးနှင့် သုံးစွဲသူ ၂ ဦးတို့ကို စိတ်ကြွရူးသွပ်ဆေးပြားများ၊ ဘိန်းဖြူနှင့် ငွေကြေးများအပြင် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါတရားခံများကို PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။
ယခုဖတ်ရန်နမ့်ဆန်မြို့တွင် ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရန်နှင့် မျိုးဆက်သစ်လူငယ်များ စိတ်နှင့်ကိုယ် ကြံ့ခိုင်စေရန် ရည်ရွယ်၍ တအာင်းမြေတက္ကသိုလ်နှင့် စာပေယဉ်ကျေးမှုကော်မတီတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော သင်တန်းသား/သူ (၃၈) ဦး၏ တအာင်းရိုးရာ သိုင်းအကပြိုင်ပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ (၂၇) ရက်နေ့က တာဝန်ရှိသူများနှင့် ဒေသခံ (၆၀) ဦး တက်ရောက်ကာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။
တအာင်းပြည်၊ နမ္မတူမြို့နယ်၊ မိုင်းမုအုပ်စု၊ မိုင်းမုကျေးရွာတွင် စက်တင်ဘာ ၁၅ ရက် နံနက် ၁၁:၁၁ နာရီခန့်က မီးကြိုးခိုးယူရန် ကြိုးပမ်းသည့် အမျိုးသား ၃ ဦးအနက် အသက် ၃၄ နှစ်အရွယ် ဦးအိုက်ပီးသည် လျှပ်စစ်မီးကြိုးဖြတ်ယူစဉ် ဓာတ်လိုက်သေဆုံးခဲ့ပြီး ၎င်းနှင့်အတူ ပါဝင်သူ ဦးစိုင်းထက်အောင် (၃၄ နှစ်) နှင့် ဦးအိုက်ပန် (၃၂ နှစ်) တို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင် ဖမ်းဆီးထိန်းသိမ်းကာ ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
လူကြည့်အများဆုံး သတင်းများ