2247

နမ့်ခမ်းမြို့တွင် တအာင်းစာအဖွဲ့-TLA မှ ဌာနဆိုင်ရာဝန်ထမ်းများကို အခြေခံတအာင်းရုံးသုံးစာ အပတ်စဉ် (၁) သင်တန်းဆင်းပွဲကျင်းပ

ဒေသတွင်းသတင်း / ဒေသတွင်း
21 October 2026

နမ့်ခမ်းမြို့တွင် တအာင်းစာအဖွဲ့-TLA မှ ဌာနဆိုင်ရာဝန်ထမ်းများကို အခြေခံတအာင်းရုံးသုံးစာ အပတ်စဉ် (၁) သင်တန်းဆင်းပွဲကျင်းပ

 

နမ့်ခမ်း၊ အောက်တိုဘာ ၂၁ ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်မှုအောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် အခြေခံတအာင်းစာ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေးအတွက် တအာင်းစာအဖွဲ-TLA မှ အခြေခံတအာင်းရုံးသုံးစာ အပတ်စဉ် (၁)သင်တန်းဆင်းပွဲကို ယနေ့ အောက်တိုဘာလ (၂၁)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

 



အဆိုပါသင်တန်းကို ပြီးခဲ့သည့် စက်တင်ဘာလ (၁၄) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး တစ်လတာ သင်တန်းကာလအတွင်း သင်တန်းသူ (၁၂) ဦးနှင့် သင်တန်းသား (၁၃) ဦး၊ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ကြသည်။

 



သင်တန်းကာလအတွင်းအတွင် တအာင်းအခြေခံစာ၊ တအာင်းဝါကျနှင့် စာကြောင်းဖွဲ့စည်းပုံများကို သင်ကြားပို့ချပေးခဲ့သည်။ ထို့အပြင် တအာင်းစာကို ရုံးလုပ်ငန်းများတွင် လက်တွေ့အသုံးပြုနိုင်စေရန်နှင့် အခြေခံအားဖြင့် မှန်ကန်စွာ ဖတ်ရှုရေးသားတတ်မြောက်စေရန် လေ့ကျင့်သင်ကြားပေးခဲ့သည်။

 



အခမ်းအနားတွင် သင်ကြားရေးကာလတစ်လျှောက် ထူးချွန်စွာ သင်ယူခဲ့သည့် သင်တန်းသား/သူများအား ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ပြီး သင်တန်းကို အောင်မြင်စွာ သင်ကြားပြီးမြောက်ကြောင်း သင်တန်းဆင်းလက်မှတ် (Certificate) များ ပေးအပ်ချီးမြှင့်ခဲ့သည်။

 



ထိုသင်တန်းဆင်းပွဲတွင် တအာင်းစာပေဌာနမှ ဌာနမှူး တားလှအောင်၊ ဒုဌာနမှူး ဗိုလ်မှူးကြီး ဆိုရ်ယ်ုမ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/မများနှင့် သင်တန်းသား/သူများအပါဝင် စုစုပေါင်း လူဦးရေ (၇၀)ဦး တက်ရောက်ခဲ့ကြသည်။

 



အလားတူ နမ့်ခမ်းမြို့တွင် ပြီးခဲ့သည့် သြဂုတ်လ (၂၆) ရက်နေ့လည်း တအာင်းစာအဖွဲ့-TLA ၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သင်ကြားခဲ့သည့် ဆရာဖြစ်သင်တန်း (TOT) အပတ်စဉ် (၆) သင်တန်းကို သင်တန်းသူ/သား စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည်။

 



Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ခမ်းမြို့တွင် တအာင်းစာအဖွဲ့-TLA မှ ဌာနဆိုင်ရာဝန်ထမ်းများကို အခြေခံတအာင်းရုံးသုံးစာ အပတ်စဉ် (၁) သင်တန်းဆင်းပွဲကျင်းပ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်