တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery (M.B.,B.S)] အတွက် ဒုတိယအကြိမ် ဝင်ခွင့်လျှောက်လွှာများကို ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက်နေ့မှစတင်၍ ခေါ်ယူနေကြောင်း THC မှ ထုတ်ပြန်ကြောညာခဲ့ပါသည်။
ယခုဖတ်ရန်တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့နယ်၊ မန်လုံကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးမှုနှင့် သုံးစွဲမှုများ ပပျောက်စေရေးအတွက် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းအရ သွားရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီး (၁) ဦး၊ အမျိုးသား (၁) ဦးနှင့် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၁) ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။
တအာင်းပြည်၊ မန်တုံနှင့် မိုင်းဝီးမြို့နယ်တို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကို မြှင့်တင်နိုင်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာတိုးမြှင့်နိုင်ရေးကို ရည်ရွယ်၍ တွေ့ဆုံဆွေးနွေးပွဲ ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါသည်။
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်ကျေးရွာနှင့် အုမ်းတက်ကျေးရွာတို့တွင် လူငယ်မျိုးဆက်သစ်များ၏ ဘာသာရေးအသိပညာ၊ ကိုယ်ကျင့်တရားကောင်းမွန်ရေးနှင့် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်နိုင်ရေးကို ရည်ရွယ်၍ တအာင်းဘာသာဖြင့် အခြေခံဗုဒ္ဓဘာသာ၊ ယဉ်ကျေးလိမ္မာသင်တန်းကို (၅) ရက်ကြာ ဖွင့်လှစ်သင်ကြားပြီးစီးခဲ့သည်။
လူကြည့်အများဆုံး သတင်းများ