တအားပြည်အပါအဝင် ရှမ်းပြည်နယ်တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး မိုးတိမ်တောင်များကြောင့် လေပြင်းနှင့် မိုးကြိုးအန္တရာယ် သတိပြုရန်လို

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် တအာင်းပြည်အပါအဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်း) ဒေသများ၌ နေရာကျဲကျဲ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး လာမည့် နှစ်ရက်အတွင်းတွင်လည်း ဆက်လက်ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ထို့အပြင် မိုးတိမ်တောင်များ ရွေ့လျားရာတစ်လျှောက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် သစ်ပင်ကြီးများ၊ ဓာတ်အားလိုင်းများနှင့် ကွင်းပြင်များကို ရှောင်ရှားပြီး ကြိုတင်သတိပြု နေထိုင်ကြရန် တိုက်တွန်းထားပါသည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ့်ဆန်မြို့နယ်ရှိ ကျေးရွာအုပ်စု (၄) စုမှ ဒေသခံများသည် ရွာရန်ပုံငွေနှင့် ယာဉ်ကောက်ခံငွေများဖြင့် ပန်ရေကန်နှင့် နောက်လွယ်ကြား လမ်းမကြီးကို သွားလာရေးနှင့် ကုန်စည်စီးဆင်းမှု ကောင်းမွန်စေရန် ကိုယ်ထူကိုယ်ထ စုပေါင်းပြုပြင်နေကြသည်။

ဒေသတွင်းသတင်း

နမ့်ဆန်မြို့တွင် ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရန်နှင့် မျိုးဆက်သစ်လူငယ်များ စိတ်နှင့်ကိုယ် ကြံ့ခိုင်စေရန် ရည်ရွယ်၍ တအာင်းမြေတက္ကသိုလ်နှင့် စာပေယဉ်ကျေးမှုကော်မတီတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော သင်တန်းသား/သူ (၃၈) ဦး၏ တအာင်းရိုးရာ သိုင်းအကပြိုင်ပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ (၂၇) ရက်နေ့က တာဝန်ရှိသူများနှင့် ဒေသခံ (၆၀) ဦး တက်ရောက်ကာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ္မတူမြို့နယ်၊ မိုင်းမုအုပ်စု၊ မိုင်းမုကျေးရွာတွင် စက်တင်ဘာ ၁၅ ရက် နံနက် ၁၁:၁၁ နာရီခန့်က မီးကြိုးခိုးယူရန် ကြိုးပမ်းသည့် အမျိုးသား ၃ ဦးအနက် အသက် ၃၄ နှစ်အရွယ် ဦးအိုက်ပီးသည် လျှပ်စစ်မီးကြိုးဖြတ်ယူစဉ် ဓာတ်လိုက်သေဆုံးခဲ့ပြီး ၎င်းနှင့်အတူ ပါဝင်သူ ဦးစိုင်းထက်အောင် (၃၄ နှစ်) နှင့် ဦးအိုက်ပန် (၃၂ နှစ်) တို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင် ဖမ်းဆီးထိန်းသိမ်းကာ ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ဒေသတွင်းသတင်း

တအာင်းအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန-WDD တွင် အမျိုးသမီးအခွင့်အရေးနှင့် စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် Focal Person (၁၀) ဦး အမြန်အလိုရှိနေပါသည်။

ဒေသတွင်းသတင်း

နမ့်ဆန်မြို့နယ်၌ လက်ဖက်ခူးနေစဉ် ပျားပိတုန်းတုတ်ခံရသည့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သဖြင့် ပျားနှင့် အင်းဆက်များ တုတ်ခံရ၍ ဖူးရောင်အသက်ရှူကြပ်ပါက အနီးဆုံးဆေးရုံသို့ အမြန်ဆုံး သွားရောက်ကုသသင့်သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ္မတူနှင့် မန်တုံမြို့နယ်တို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန ဦးဆောင်၍ ဒေသခံ (၁၅၀) ဦးကျော်က စက်တင်ဘာလအတွင်း နားဆိုင်း-ခါးရိုး၊ ပန်လုံ-လေလုနှင့် ဟဲလင်းကျေးရွာတို့ရှိ လမ်းမကြီးများပေါ်မှ မြေပြိုမှုများ ရှင်းလင်းခြင်း၊ လမ်းများ ပြုပြင်ခြင်း၊ ခြုံနွယ်ရှင်းလင်းခြင်းနှင့် ရေမြောင်းများ တူးဖော်ခြင်းတို့ကို စုပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။

လူကြည့်အများဆုံး သတင်းများ

22 November 2026