၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် တအာင်းပြည်အပါအဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်း) ဒေသများ၌ နေရာကျဲကျဲ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး လာမည့် နှစ်ရက်အတွင်းတွင်လည်း ဆက်လက်ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ထို့အပြင် မိုးတိမ်တောင်များ ရွေ့လျားရာတစ်လျှောက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် သစ်ပင်ကြီးများ၊ ဓာတ်အားလိုင်းများနှင့် ကွင်းပြင်များကို ရှောင်ရှားပြီး ကြိုတင်သတိပြု နေထိုင်ကြရန် တိုက်တွန်းထားပါသည်။
ယခုဖတ်ရန်တအာင်းပြည် ပညာရေးကောင်စီ-TLEC သည် သင်ကြားရေးအရည်အသွေး ပိုမိုမြင့်မားလာစေရန်၊ လက်တွေ့မြေပြင် လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် ရည်ရွယ်၍ Teacher Manual နှင့် Education Policy (ပညာရေးဆိုင်ရာမူဝါဒ) ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ (၁၀) ရက်နေ့နှင့် (၁၁) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။
တအာင်းပြည်အတွင်း ပြည်သူများ ဥပဒေကြောင်းအရ အကာအကွယ်များကို သိရှိနားလည်ရယူတတ်စေရန်၊ ငြိမ်းချမ်းပြီး တရားမျှတသော လူ့အဖွဲ့အစည်း ပေါ်ပေါက်လာစေရန်နှင့် ရပ်ရွာအတွင်း ကြုံတွေ့ရသည့် ဥပဒေဆိုင်ရာပြဿနာများကို ကူညီလမ်းညွှန်ပေးနိုင်သည့် Paralegal (ဥပဒေအထောက်အကူပြု) အဆင့်အထိ တက်လှမ်းနိုင်စေရန် ရည်ရွယ်၍ တအာင်းဥပဒေအထောက်အကူပြုအဖွဲ့-TLAF မှ အခြေခံဥပဒေဆိုင်ရာ အသိပညာပေးသင်တန်း (Basic Legal Knowledge Certificate Course) ကို ဖွင့်လှစ်မည်ဖြစ်သည်။
လူကြည့်အများဆုံး သတင်းများ