တအာင်းပြည်အတွင်း တအာင်းပြည်ပညာရေးကောင်စီ (Ta’ang Land Education Council - TLEC) ၏ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုထိရောက်မြန်ဆန်စွာ တိုးတက်လာစေရန် ရည်ရွယ်၍ တိုင်ကြားမှုယန္တရား (Complaint Mechanism) ကို သြဂုတ်လ (၁၇) ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့သည်။
ယခုဖတ်ရန်လတ်တလော နိုင်ငံတကာနှင့် ကမ္ဘာအရပ်ရပ်တွင် ဖြစ်ပေါ်နေသည့် ဟန်တာဗိုင်းရပ်စ်ခေါ် ကြွက်မှတစ်ဆင့်ကူးစက်တတ်သောရောဂါသည် ကျောက်ကပ်နှင့် အသက်ရှူလမ်းကြောင်းကို ပြင်းထန်စွာ ထိခိုက်စေနိုင်စေပြီး အသက်အန္တရာယ်ရှိနိုင်သည်အထိ အန္တရာယ်ရှိသောကြောင့် တအာင်းပြည်အတွင်းရှိမိဘပြည်သူလူထုများအနေဖြင့် အထူးသတိပြုရန်လိုအပ်ကြောင့် တအာင်းပြည် ကျန်းမာရေးကောင်စီ (Ta'angland Health Council THC)မှ နှိုးဆော် တိုက်တွန်းအပ်ပါသည်။
တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ မိဘပြည်သူလူထု၏ နေ့စဉ်သွားလာရေး ပိုမိုလုံခြုံချောမွေ့စေရန် ရည်ရွယ်ပြီး ရပ်ကွက်အသီးသီးမှ ပျက်စီးယိုယွင်းနေသောလမ်းများနှင့် တံတားများကို ကွန်ကရစ်လမ်းအဖြစ် စနစ်တကျ ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ပါသည်။
လူကြည့်အများဆုံး သတင်းများ