2127

တအာင်းပြည်တွင် သြဂုတ်လအတွင်း တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၄) ဦး၊ သုံးစွဲသူ (၄) ဦးနှင့် လက်ဝယ်ထားရှိသူ (၃) ဦးဖမ်းဆီးနိုင်ခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
04 September 2026

တအာင်းပြည်တွင် သြဂုတ်လအတွင်း တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၄) ဦး၊ သုံးစွဲသူ (၄) ဦးနှင့် လက်ဝယ်ထားရှိသူ (၃) ဦးဖမ်းဆီးနိုင်ခဲ့


နမ့်ဆန်၊ စက်တင်ဘာ ၄ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ မိုင်းဝီး၊ နမ္မတူ၊ နမ့်ခမ်း၊ မိုင်းငေါ့မြို့နယ်တွင် သြဂုတ်လတစ်လအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၄) ဦး၊ သုံးစွဲသူ (၄) ဦးနှင့် လက်ဝယ်ထားရှိသူ (၃) ဦးဖမ်းဆီးအရေးယူနိုင်ခဲ့ပါသည်။


မိုင်းဝီးမြို့နယ်တွင်  သြဂုတ်လ (၂) ရက်နေ့၌ မူးယစ်ဆေးဝါးသုံးစွဲမှု သတင်းရရှိသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးမှုပြုလုပ်ရာ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၁) ဦးထံ စိတ်ကြွဆေး (၂၀) ပြားနှင့်အတူ သိမ်းဆည်းရမိခဲ့သည်။


ထို့ပြင် သြဂုတ်လ (၁၇) ရက်နေ့လည်း ဟင်ဟောင်းကျေးရွာ၌ ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသူ အသက် (၆၀) နှစ်အရွယ် ဒေါ်အီဒဲထံ ယာမ (၃.၇) ဂရမ်သော်လည်းကောင်း၊ နမ့်စန်းကျေးရွာတွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် လက်ဝယ်ထားရှိသူ အသက် (၃၀) နှစ်အရွယ် ဦးနိုင်အန်နှင့် အသက် (၃၃) နှစ်အရွယ် ဦးအိုက်ညော်ထံ ဘိန်းဖြူ (၀.၅) ဂရမ်၊ ယာမ (၂.၀) ဂရမ်သော်လည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၅၅) နှစ်အရွယ် ဦးညီအေးနှင့် အသက် (၄၅) နှစ်အရွယ် ဦးအိုက်ဝင်းသော်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။


နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာတွင် သြဂုတ်လ (၇) ရက်နေ့၌ မြို့နယ်ရဲတပ်ဖွဲ့နှင့် မူးယစ်အထူးတပ်ဖွဲ့မှ ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါး၊ တရားမဝင်လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများ လက်ဝယ်ထားရှိသူ အသက် (၃၇)နှစ်အရွယ် ကိုကျော်ခိုင်(ခ)အားတီထံ ယာမစိတ်ကြွဆေးပြား (၃၇၀) ပြား၊ ဘိန်းမည်းထည့်ထားသည့် အဖြူရောင်ကော်ဗူး (၁) ဗူး၊ ဘိန်းဆီခဲထည့်ထားသည့် အဖြူရောင်ကော်ဗူး (၁) ဗူး၊ ဘိန်းအရည်ဟု ယူဆရသော အဖြူရောင်ကော်ဗူး (၂) ဗူး၊ တရားမဝင်လက်နက်ပစ္စည်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။ 


ယင်းနောက်  သြဂုတ်လ (၁၀) ရက်နေ့လည်း ရပ်ကွက် (၃) အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှုရှိကြောင့်သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးရာ အသက် (၅၇) နှစ်အရွယ် ဦးမောင်မောင်လွင်ထံ ယာမထုတ်သေး (၃၀) ထုပ်နှင့် ဘိန်းဖြူထည့်ထားသည့်ဆပ်ပြာဘူး (၃၁) ဗူးတို့ကို သိမ်းဆည်းရမိခဲ့သည်။


အလားတူ နမ့်ခမ်းမြို့နယ်၊ ကုန်းဆာကျေးရွာတွင် ပြီးခဲ့သည့် သြဂုတ်လ (၂၃) ရက်နေ့၌ မူးယစ်ဆေးဝါးရောင်းဝယ်နေသည်ဟု သတင်းရရှိသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာ အသက် (၅၉) နှစ်အရွယ် ဒေါ်မော်ခင်ထံ ယာမဆေး (၁၂၄၇)ပြား ၊ ဘိန်းမည်း (၃၁၆.၁)ဂရမ်၊ ခါးခူရွက် (၅) အိတ်၊ ဖုန်း (၂)လုံး စသည့်ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိခဲ့ပါသည်။


မိုင်းငေါ့မြို့နယ်လည်း သြဂုတ်လ (၂၅) ရက်နေ့၌  ကွန်ကောက်ကျေးရွာတွင် မြို့နယ်ရဲတပ်ဖွဲ့နှင့် မူးယစ်အထူးတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးနေချိန် မူးယစ်ဆေးဝါးရောင်းဝယ်သူ အသက် (၃၁) နှစ်အရွယ် ဦးအောင်မိုးထံ ယာမဆေးပြား (၁၉၃) ပြား၊ ဘိန်းဖြူထည့်ထားသည့် ပိုက်ချောင်း (၁) ဝက်၊ ဘိန်းမည်း (၁၀) ဂရမ်၊ ဖုန်း (၂) လုံးနှင့် ကျပ်ငွေ (၁၆) သိန်းကျော်သော်လည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၂၉) နှစ်အရွယ် ဦးအိုက်အေးထံ ခါခူးအနည်းငယ်နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီရမိခဲ့သည်။


အဆိုပါ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးနှင့် အသိပညာပေးအစီအစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။


Website Official

www.taangland.org



Telegram Official Channel

https://t.me/pslftnlanews



Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV



YouTube Official

https://www.youtube.com/@pslftnlanews



#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်တွင် သြဂုတ်လအတွင်း တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၄) ဦး၊ သုံးစွဲသူ (၄) ဦးနှင့် လက်ဝယ်ထားရှိသူ (၃) ဦးဖမ်းဆီးနိုင်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်