တအားပြည်အပါအဝင် ရှမ်းပြည်နယ်တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး မိုးတိမ်တောင်များကြောင့် လေပြင်းနှင့် မိုးကြိုးအန္တရာယ် သတိပြုရန်လို

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် တအာင်းပြည်အပါအဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်း) ဒေသများ၌ နေရာကျဲကျဲ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး လာမည့် နှစ်ရက်အတွင်းတွင်လည်း ဆက်လက်ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ထို့အပြင် မိုးတိမ်တောင်များ ရွေ့လျားရာတစ်လျှောက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် သစ်ပင်ကြီးများ၊ ဓာတ်အားလိုင်းများနှင့် ကွင်းပြင်များကို ရှောင်ရှားပြီး ကြိုတင်သတိပြု နေထိုင်ကြရန် တိုက်တွန်းထားပါသည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်း​ပြည်၊ နမ့်ခမ်းမြို့တွင် ယမန်နေ့ သြဂုတ်လ (၃၀) ရက်နေ့၌ ကျရောက်ခဲ့သော (၅၄) နှစ်ပြည့် တအာင်းစာပေနေ့ အထိမ်းအမှတ်အခမ်းအနားကို မိဘပြည်သူလူထုများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပနေသည့်မြင်ကွင်းများ ဖြစ်ကြပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် အမျိုးသမီးငယ်အပေါ် သက်ငယ်မုဒိန်းကျူးလွန်ခဲ့သော ဦးထွန်းလိုကို ပလောင်ပြည်နယ်လွတ်မြောက်‌ရေးတပ်ဦး PSLF/TNLA ၏ တရားစီရင်ရေးဌာနမှ ထောင်ဒဏ် (၁၀) နှစ်ချမှတ်ခဲ့ပါသည်။

ဒေသတွင်းသတင်း

တအာင်းလူမျိုးတို့၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ဂုဏ်ပြုဖော်ဆောင်သည့် အထင်ကရနေ့ထူးနေ့မြတ်ဖြစ်သော သြဂုတ်လ (၃၀) ရက်နေ့တွင် ကျရောက်သည့် တအာင်းစာပေနေ့ (၅၄) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို တအာင်းစာအဖွဲ့ -TLA မှ ဦးဆောင်၍ တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ၌ ပြည်သူလူထုများ တက်ကြွစွာ ပါဝင်ဆင်နွှဲကြပြီး စည်ကားသိုက်မြိုက်စွာ ပြီးစီးသွားခဲ့ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ့်ခမ်းမြို့ရှိ တအာင်းစာပေခန်းမ၌ ကျင်းပသည့် တအာင်းစာပေ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာပေယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးကို ရည်ရွယ်၍ တအာင်းစာအဖွဲ့-TLA မှ ဦးဆောင်ပြီး တအာင်းစာပေညီလာခံကို သြဂုတ်လ (၂၈) ရက်နေ့မှ (၂၉) ရက်နေ့အထိ အောင်မြင်စွာ ကျင်းပပြီးမြောက်ခဲ့ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် တအာင်းစာအဖွဲ့-TLA မှ ဦးဆောင်ဖွင့်လှစ်သည့် ဆရာဖြစ်သင်တန်း (TOT) အပတ်စဉ် (၆) သင်တန်းဆင်းပွဲအခမ်းအနားကို သြဂုတ်လ (၂၆) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ PSLF/TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ဘုန်းကျော် တက်ရောက်ခဲ့သည်။

ဒေသတွင်းသတင်း

ဆငီ- ဆငည်း (29)၊ ကျံရ်(8) ဆန်ုမ်(2026)

လူကြည့်အများဆုံး သတင်းများ

22 November 2026