တအာင်းပြည်၊ နမ္မတူမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စေရန် ရည်ရွယ်၍ အပတ်စဉ် (၂) အရံမီးသတ်သင်တန်းကို အောက်တိုဘာလ (၃) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၄၇) ဦးအား (၂၅) ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်သည်။
ယခုဖတ်ရန်တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ မိုင်းလုံမြို့နယ်၊ ပန်ခေါကျေးရွာ လမ်းခွဲတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးမှုနှင့် သုံးစွဲမှုများ ပပျောက်စေရေးအတွက် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁) ဦးနှင့် သုံးစွဲသူ အမျိုးသား (၂) ဦးကို ဖမ်းဆီးရမိခဲ့သည်။
တအာင်းပြည်၊ ပန်လုံနှင့် မန်လီကျေးရွာကြားရှိ လမ်းမကြီးတစ်လျှောက်နှင့် ကျောက်ဖြူ၊ ဟူးခင်ကျေးရွာအတွင်း လမ်းပေါ် ရေများမရောက်ရှိအောင် ရေမြောင်းများ တူးဖော်ခြင်း၊ လမ်းဘေးရှိ နွယ်ပင်များ ရှင်းလင်းခြင်းနှင့် ပျက်စီးနေသော လမ်းများပြုပြင်ပေးခြင်းလုပ်ငန်းများကို အထွေထွေအုပ်ချုပ်ရေးဌာနနှင့် ပြည်သူလူထုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
တအာင်းစာပေနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ရန် ရည်ရွယ်၍ တအာင်းစာအဖွဲ့ (TLA) မှ လာမည့် သြဂုတ်လ (၃၀) ရက်နေ့တွင် ကျရောက်မည့် တအာင်းစာပေနေ့ (၅၄) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် မြန်မာနိုင်ငံအတွင်းနှင့် ပြည်ပနိုင်ငံများတွင် နေထိုင်ကြသော တအာင်းတိုင်းရင်းသားများအတွက် တအာင်းရုံးသုံးစာပေနှင့် သက်ဆိုင်သည့် ပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်သည်။
လူကြည့်အများဆုံး သတင်းများ