2088

နမ့်ခမ်းနှင့် မိုင်းငေါ့မြို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ဦးနှင့် သုံးစွဲသူ (၁) ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
26 August 2026

နမ့်ခမ်းနှင့် မိုင်းငေါ့မြို့တွင်  မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ဦးနှင့် သုံးစွဲသူ (၁) ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ


နမ့်ဆန်၊ သြဂုတ် ၂၆ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ခမ်းနှင့် မိုင်းငေါ့မြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် မူးယစ်‌ဆေးဝါး ရောင်းဝယ်သူ (၂) ဦးနှင့် သုံးစွဲသူ (၁) ဦးကို ဖမ်းဆီးရမိခဲ့ပါသည်။

နမ့်ခမ်းမြို့နယ်၊ ကုန်းဆာကျေးရွာတွင် ပြီးခဲ့သည့် သြဂုတ်လ (၂၃) ရက်နေ့၌ မူးယစ်ဆေးဝါးရောင်းဝယ်နေသည်ဟု သတင်းရရှိသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာ အသက် (၅၉) နှစ်အရွယ် ဒေါ်မော်ခင်ထံ ယာမဆေး (၁၂၄၇)ပြား ၊ ဘိန်းမည်း (၃၁၆.၁)ဂရမ်၊ ခါခူးရွက် (၅)အိတ်၊ ဖုန်း (၂)လုံး စသည့်ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိခဲ့ပါသည်။


ထို့အပြင် သြဂုတ်လ (၂၅)ရက်နေ့လည်း မိုင်းငေါ့မြိုနယ်၊ ကွန်ကောက်ကျေးရွာ၌ မြို့နယ်ရဲတပ်ဖွဲ့နှင့် မူးယစ်အထူးတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးနေချိန် မူးယစ်ဆေးဝါးရောင်းဝယ်သူ အသက် (၃၁) အရွယ် ဦးအောင်မိုးထံ ယာမဆေးပြား (၁၉၃) ပြား၊ ဘိန်းဖြူထည့်ထားသည့် ပိုက်ချောင်း (၁) ဝက်၊ ဘိန်းမည်း (၁၀) ဂရမ်၊ ဖုန်း (၂) လုံးနှင့် ကျပ်ငွေ (၁၆) သိန်းကျော်ကို ဖမ်းဆီးရမိခဲ့ပါသည်။


ယင်းနောက် ၎င်းတပ်ဖွဲ့သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေစဉ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၂၉) နှစ်အရွယ် ဦးအိုက်အေးထံ ခါခူးအနည်းငယ်နှင့် ဆက်စပ်ပစ္စည်းများကို ထပ်မံဖမ်းဆီရမိခဲ့သည်။


အလားတူ ပြီးခဲ့သည့် သြဂုတ်လ (၁၀) ရက်နေ့လည်း နမ္မတူမြို့၊ ရပ်ကွက် (၃) တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသားတစ်ဦးကို တအာင်းတပ်မတော် TNLA တပ်မဟာ (၂) မှ ဖမ်းဆီးရမိခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။


အဆိုပါ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် သုံးစွဲသူများကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ 


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာ

Topics: နမ့်ခမ်းနှင့် မိုင်းငေါ့မြို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ဦးနှင့် သုံးစွဲသူ (၁) ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်