PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ သြဂုတ်လအတွင်း ကျေးရွာပေါင်း (၃၆) ရွာကို ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့
နမ့်ဆန်၊ သြဂုတ် ၂၉ ရက်
တအာင်းပြည်သတင်း
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ၂၀၂၆ ခုနှစ် သြဂုတ်လအတွင်း တအာင်းပြည်၊ မြို့နယ် (၇) မြို့နယ်ရှိ ကျေးရွာပေါင်း (၃၆) ရွာမှ ပြည်သူလူထု စုစုပေါင်း (၁,၄၇၇) ဦးအား အမျိုးသမီးအခွင့်အရေး၊ မျိုးဆက်ပွားကျန်းမာရေးနှင့် မိသားစုဘဝဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေး ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။

အဆိုပါ ကွင်းဆင်းအသိပညာပေးလုပ်ငန်းများကို နမ္မတူမြို့နယ်ရှိ ကျေးရွာ (၂) ရွာ၊ နမ့်ဆန်မြို့နယ်ရှိ ကျေးရွာ (၃) ရွာ၊ တန့်ယန်းမြို့နယ်ရှိ ကျေးရွာ (၇) ရွာ၊ မန်တုံမြို့နယ်ရှိ ကျေးရွာ (၆) ရွာ၊ မိုင်းငေါ့မြို့နယ်ရှိ ကျေးရွာ (၂) ရွာ၊ နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာ (၁၄) ရွာနှင့် မိုင်းဝီးမြို့နယ်ရှိ ကျေးရွာ (၂) ရွာတို့ ဖြစ်ကြပါသည်။
ယင်းမြို့နယ် (၇) မြို့နယ်ရှိ ပြည်သူလူထု စုစုပေါင်း (၁,၄၇၇) ဦးအား အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးစောစီးစွာအိမ်ထောင်ပြုခြင်း၊ ရင်သားကင်ဆာ၊ အမွေဆက်ခံခြင်း၊ ကလေးလူ့အခွင့်အရေး၊ ကိုယ်ဝန်ဆောင်မိခင်နှင့်ကျန်းမာရေး၊ အမျိုးသမီးနှင့်ပညာရေး၊ မိသားစုစီမံကိန်း၊ အမျိုးသမီးနှင့် ပျော်ရွှင်သောမိသားစု၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း၊ Online "ကျားဖြန့်"၊ အိမ်တွင်းအကြမ်းဖက်မှု၊ မျိုးဆက်ပွားကျန်းမာရေး၊ အမျိုးသမီးနှင့် စီးပွားရေးဆိုင်ရာအကြောင်းအရာများကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြသည်။
PSLF/TNLA ၏ အမျိုးသမီးဖွင့်ဖြိုးတိုးတက်ရေးဌာနအနေဖြင့် တအာင်းပြည်အတွင်း အမျိုးသမီးများ၏ အခြေခံလူ့အခွင့်အရေးများကို ကာကွယ်မြှင့်တင်နိုင်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျှော့ချနိုင်ရေး၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနှင့် လူထုအသိပညာပေးစည်းရုံးရေး၊ အိမ်တွင်းမှုနှင့် ဝင်ငွေလှည့်ပတ်စီးဆင်းမှုလုပ်ငန်းများအပြင် အသက်မွေးဝမ်းကျောင်းတိုးတက်ရေးဆိုင်ရာ အစီအစဉ်များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းလည်း နမ္မတူမြို့နယ်ရှိ ကျေးရွာ (၆) ရွာ၊ နမ့်ဆန်မြို့နယ်ရှိ ကျေးရွာ (၅) ရွာ၊ တန့်ယန်းမြို့နယ်ရှိ ကျေးရွာ (၃) ရွာ၊ မန်တုံမြို့နယ်ရှိ ကျေးရွာ (၉) ရွာ၊ မိုင်းငေါ့မြို့နယ်ရှိ ကျေးရွာ (၄) ရွာ၊ နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာ (၁၂) ရွာနှင့် မိုင်းဝီးမြို့နယ်ရှိ ကျေးရွာ (၅) ရွာတို့မှ ပြည်သူလူထု စုစုပေါင်း (၂,၉၉၁) ဦးအား အသိပေး ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ