တအာင်းပြည်၊ နမ္မတူမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စေရန် ရည်ရွယ်၍ အပတ်စဉ် (၂) အရံမီးသတ်သင်တန်းကို အောက်တိုဘာလ (၃) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၄၇) ဦးအား (၂၅) ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်သည်။
ယခုဖတ်ရန်တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် ပြီးခဲ့သည့် မေလ (၃၁) ရက်နေ့က ဖြစ်ပွားခဲ့သော မတော်တဆယမ်းပျော့ပေါက်ကွဲမှုကြောင့် ဘေးဒဏ်သင့်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ခဲ့ကြသည့် အလှူရှင်တစ်ဦးချင်းစီနှင့် အဖွဲ့အစည်းအသီးသီးကို ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်ရေးကော်မတီက ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ဇူလိုင်လ (၂) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့၊ ကောင်းတပ်ကျေးရွာတွင် ပြီးခဲ့သည့် မေလ (၃၁) ရက်နေ့က ဖြစ်ပွားခဲ့သည့် ယမ်းပျော့မတော်တဆပေါက်ကွဲမှုဖြစ်စဉ်အပြီး ထိခိုက်နစ်နာခဲ့ရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လိုအပ်သည့် ကူညီပံ့ပိုးရေးလုပ်ငန်းများကို အမြန်ဆုံး အရှိန်မြင့် ဆက်လက်ကူညီထောက်ပံ့လျက်ရှိသည်။
တအာင်းပြည်အတွင်း အရည်အသွေးပြည့်ဝသော ပညာရေးဝန်ထမ်းများ မွေးထုတ်ပေးနိုင်ရေးနှင့် ဖက်ဒရယ်ပညာရေးစနစ်အတွက် ကျွမ်းကျင်သည့် ဆရာ/ဆရာမများ ပြုစုပျိုးထောင်နိုင်ရေးကို ရည်ရွယ်၍ တအာင်းပညာရေးအကယ်ဒမီ (Ta'ang Education Academy - TEA) မှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အပတ်စဉ် (၄) B.Ed. သင်တန်းတွင် တက်ရောက်မည့် သင်တန်းသား/သူ (၁၀၀) ဦးကို စတင်ခေါ်ယူနေကြောင်း အသိပေးထုတ်ပြန်ထားသည်။
လူကြည့်အများဆုံး သတင်းများ