တအာင်းပြည်၊ နမ္မတူမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စေရန် ရည်ရွယ်၍ အပတ်စဉ် (၂) အရံမီးသတ်သင်တန်းကို အောက်တိုဘာလ (၃) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၄၇) ဦးအား (၂၅) ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်သည်။
ယခုဖတ်ရန်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ၂၀၂၆ ခုနှစ် ဇွန်လအတွင်း တအာင်းပြည်ရှိ မြို့နယ် (၉) မြို့နယ်မှ ကျေးရွာပေါင်း (၃၆) ရွာတွင် ပြည်သူလူထု စုစုပေါင်း (၁,၂၉၆) ဦးအား အမျိုးသမီးအခွင့်အရေး၊ မျိုးဆက်ပွားကျန်းမာရေးနှင့် မိသားစုဘဝဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေး ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့တွင် နိုင်ငံတကာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဉီး PSLF/TNLA က (၂၀၂၄) ခုနှစ်မှ (၂၀၂၅) ခုနှစ်အတွင်း ဖမ်းဆီးသိမ်းဆည်းရမိထားသော ကာလတန်ဖိုး မြန်မာကျပ်ငွေ ဘီလီယံ (၂၀) ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ယနေ့ ဇွန်လ (၂၆) ရက်နေ့တွင် ပြည်သူလူထုရှေ့မှောက်၌ မီးရှို့ဖျက်ဆီးခဲ့သည်။
လူကြည့်အများဆုံး သတင်းများ