ခေါင်းစဥ်များ
ယခုရက်ပိုင်းတွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် တအာင်းပြည်၊ နမ္မတူမြို့၊ မန်တုံမြို့၊ နမ့်ဖက်ကာမြို့နှင့် မိုင်းဝီးမြို့နယ်တို့တွင် ရေကြီးရေလျှံဖြစ်ပွားရာပြီး မြေပြိုမှုနှင့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးသွားခဲ့ပါသည်။
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုင်းလုံမြို့နယ်၊ ကုံးမုံနှင့် ကုန်းသာကျေးရွာတွင် တအာင်းစာအဖွဲ့ -TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့ပါသည်။
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAတအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ (၂)ပတ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၉)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ကိုဖမ်းဆီးရမိခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ နောင်ချိုမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမှရှိဘဲ စစ်ကောင်စီတပ်မှ ဟောင်ဝစ်ဇာဖြင့် လက်နက်ကြီး (၅)လုံးပစ်ခတ်တိုက်ခိုက်သောကြောင့် နေအိမ် (၂)လုံး ထိမှန်ပျက်စီးဆုံးရှုံးသွားခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၉)နယ်မြေ၊ နမ့်ဆန်မြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAတအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦး ဖမ်းဆီးရမိခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့နယ်၊ပန်ဖျက်ကျေးရွာတွင် တအာင်းစာအဖွဲ့-TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၆)နယ်မြေ၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ဟိုနားကျေးရွာတွင် စိတ်မနှံသူ အမျိုးသားတစ်ဦးမှ ကလေးငယ်တစ်ဦးကို ရိုက်နှက်မှုကြောင့် သေဆုံးမှုဖြစ်ပွားခဲ့ပါသည်။
တအာင်းပြည်၊ သီပေါနှင့် နမ့်ခမ်းမြို့နယ်တွင် အမျိုးသား (၂)ဦးသည် ရေနစ်ပြီး သေဆုံးသွားခဲ့ပါသည်။
တအာင်းပြည်၊ တပ်မဟာ (၆)နယ်မြေ၊ မိုင်းဝီးမြို့နယ်၊ လွယ်ဟွမ်အုပ်စု၊ တွန်ကော်ကျေးရွာတွင် ဘက်ထရီမှတစ်ဆင့်ပေါက်ကွဲပြီး နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်ခရိုင်၊ မိုးကုတ်မြို့အရှေ့ပိုင်း ဘီတောင်ရပ်ကွက်တွင် သဲတင်ကားတစ်စီးသည် နောက်ပြန်ဆုတ်ရာတွင်အမျိုးသမီး (၁)ဦးကို တိုက်မိပြီးသေဆုံးသွားခဲ့ပါသည်။
Showing 253 to 261 of 982 results
လူကြည့်အများဆုံး သတင်းများ