2031

နမ့်ဆန်မြို့တွင် နမ့်ဆန်ကြက်ခြေနီအသင်းခွဲမှ ဦးဆောင်ပြီး ရှေ့ဦးသူနာပြုစုခြင်း အခြေခံသင်တန်း အပတ်စဉ် (၄)နှင့် အပတ်စဉ် (၅)သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
04 August 2026

နမ့်ဆန်မြို့တွင် နမ့်ဆန်ကြက်ခြေနီအသင်းခွဲမှ ဦးဆောင်ပြီး ရှေ့ဦးသူနာပြုစုခြင်း အခြေခံသင်တန်း အပတ်စဉ် (၄)နှင့် အပတ်စဉ် (၅)သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့


နမ့်ဆန်၊ သြဂုတ် ၄ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့တွင် အရေးပေါ်အခြေအနေများ၌ ပြည်သူများ၏ ရှေ့ဦးသူနာပြုစုနိုင်စွမ်း မြင့်မားလာစေရန် ရည်ရွယ်၍ နမ့်ဆန်ကြက်ခြေနီအသင်းခွဲမှ ဖွင့်လှစ်သင်ကြားခဲ့သည့် ရှေ့ဦးသူနာပြုစုခြင်း အခြေခံသင်တန်း အပတ်စဉ် (၄) နှင့် အပတ်စဉ် (၅) သင်တန်းဆင်းပွဲကို ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။



အပတ်စဉ် (၄) သင်တန်းကို ဇူလိုင်လ (၁၅)ရက်နေ့မှ ဇူလိုင်လ (၂၀)ရက်နေ့ထိ (၅)ရက်သာ သင်ကြားခဲ့ပြီး ကြက်ခြေနီ ရုံးတာဝန်ခံ ဦးသိန်းကျော်မှ ဦးဆောင်းပြီး နမ့်ဆန်မြို့ အ.ထ.က (၁)ကျောင်းမှ တက်ရောက်သင်ကြားနေသော ကျောင်းသား (၃၅) ဦးနှင့် ကျောင်းသူ (၅၃) ဦး စုစုပေါင်း (၈၈)ဦးတို့ တက်ရောက်ခဲ့ကြသည်။



ထို့အတူ အပတ်စဉ် (၅)တွင်လည်း ပြီးခဲ့သည့် ဇူလိုင်လ (၂၂)ရက်နေ့မှ ဇူလိုင် (၂၆)ရက်နေ့ထိ ဖွင့်လှစ်ခဲ့သည့်သင်တန်းကို နမ့်ဆန်မြို့ အ.ထ.က (၁)က ကျောင်သား (၃၃)ဦးနှင့် ကျောင်းသူ (၄၅)ဦး စုစုပေါင်း (၇၈)ဦးတို့မှ တက်ရောက်ခဲ့ကြသည်။



၎င်းသင်တန်းကာလအတွင် ရှေ့ဦးသူနာပြုစုခြင်း အခြေခံပညာရပ်များအပြင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ တီဘီရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ HIV/AIDS နှင့် သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာ အသိပညာများကိုလည်း စနစ်တကျ သင်ကြားပို့ချပေးခဲ့သည်။



သင်တန်းပြီးဆုံးချိန်တွင် စာတွေ့နှင့် လက်တွေ့စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အမှတ် (၅၀) နှင့်အထက် ရရှိသူများကို သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးခဲ့သည်။ ထို့ပြင် ပတ္တီးစည်းနည်းနှင့် CPR (နှလုံးနှင့် အဆုတ် ပြန်လည်အသက်သွင်းနည်း) လက်တွေ့ကျွမ်းကျင်မှုတွင် ထူးချွန်သူများကိုလည်း ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။


အဆိုပါသင်တန်းကို ကြက်ခြေနီအသင်း၏ မူဝါဒနှင့်အညီ သဘာဝဘေးအန္တရာယ်၊ ကပ်ဘေး၊ လူပြုဘေးအန္တရာယ်နှင့် ပဋိပက္ခအခြေအနေများတွင် ပြည်သူများ မိမိကိုယ်တိုင်၊ မိသားစုနှင့် ရပ်ရွာလူထုကို ကူညီကာကွယ်နိုင်စေရန်၊ ထိခိုက်ဒဏ်ရာရရှိသူများကို မှန်ကန်သည့် ရှေ့ဦးသူနာပြုစုမှုများ ဆောင်ရွက်ပေးနိုင်ရန်နှင့် ဆေးရုံ၊ ဆေးခန်းများသို့ စနစ်တကျ ပို့ဆောင်လွှဲပြောင်းနိုင်စေရန် ဖြစ်သည်။ ထို့ပြင် ရှေ့ဦးသူနာပြုစုပညာကို မြို့နယ်နှင့် ကျေးရွာအသီးသီးရှိ ပြည်သူများ ပိုမိုသိရှိနားလည်ပြီး လက်တွေ့အသုံးချနိုင်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်သည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်မြို့တွင် နမ့်ဆန်ကြက်ခြေနီအသင်းခွဲမှ ဦးဆောင်ပြီး ရှေ့ဦးသူနာပြုစုခြင်း အခြေခံသင်တန်း အပတ်စဉ် (၄)နှင့် အပတ်စဉ် (၅)သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်