တအာင်းပြည်ပညာရေးကောင်စီ (TLEC) မှ ပညာရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ခန့်ထားရေး၊ အပြောင်းအရွှေ့ဆိုင်ရာ မူဝါဒများကို ပိုမိုနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ အောက်တိုဘာ ၁၂ ရက်မှ ၁၅ ရက်အထိ နမ့်ခမ်းမြို့တွင် ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ရာ TLEC တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများအပါအဝင် လူဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
ယခုဖတ်ရန်တအာင်းပြည်ပညာရေးကောင်စီ (TLEC) မှ ပညာရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ခန့်ထားရေး၊ အပြောင်းအရွှေ့ဆိုင်ရာ မူဝါဒများကို ပိုမိုနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ အောက်တိုဘာ ၁၂ ရက်မှ ၁၅ ရက်အထိ နမ့်ခမ်းမြို့တွင် ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ရာ TLEC တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများအပါအဝင် လူဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
တအာင်းပြည်အတွင်း ပြည်သူများ၏ ဥပဒေဆိုင်ရာအခွင့်အရေးများကို ကာကွယ်ပေးပြီး တရားမျှတမှု ဖော်ဆောင်နိုင်မည့် တရားရေးအရာရှိများ မွေးထုတ်ပေးရန် ရည်ရွယ်၍ အပတ်စဉ် (၂) တရားရေးအရာရှိသင်တန်းဆင်းပွဲကို အောက်တိုဘာ ၁၅ ရက်တွင် နမ့်ဆန်မြို့၌ ကျင်းပခဲ့သည်။ သင်တန်းအောင်မြင်ပြီးမြောက်သူ (၇) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး ၎င်းတို့သည် တအာင်းပြည်အတွင်းရှိ မြို့နယ်အသီးသီးတွင် တရားသူကြီးနှင့် တရားရေးအရာရှိများအဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။
နမ့်ဆန်မြို့တွင် ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စေရန် ရည်ရွယ်၍ ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၁၅ ရက်တွင် ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင် ဒေသအခြေခံလိုအပ်ချက်များ၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး လူဦးရေ (၄၅) ဦးခန့် တက်ရောက်ခဲ့သည်။
နမ့်ခမ်းမြို့တွင် ရပ်ကွက် (၁၄) ခုမှ အသင်းများ ပါဝင်ယှဉ်ပြိုင်သည့် ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၁၂ ရက်တွင် စတင်ကျင်းပခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ PSLF/TNLA ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး ဂျုတ်ဂျားနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများအပါအဝင် လူဦးရေ ၁,၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ ပြိုင်ပွဲကို ရပ်ကွက်များအကြား စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ လူငယ်များ၏ အားကစားစိတ်ဓာတ် မြှင့်တင်ရေးတို့အတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
တအာင်းပြည်၊ နမ့်ဆန်မြို့ အ.ထ.က (၁) တွင် Grade-9 မှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူများအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ဥပဒေဆိုင်ရာ အသိပညာ၊ လူငယ်ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို သက်ဆိုင်ရာဌာနများနှင့် TLEC တို့ ပူးပေါင်းကျင်းပခဲ့ရာ လူဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့သည်။
နမ့်ခမ်းမြို့တွင် တအာင်းပြည်သူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ်၏ အပတ်စဉ် (၂) သူနာပြုဦးဆောင်းနှင့် ကုတ်အင်္ကျီအပ်နှင်းပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို အောက်တိုဘာ ၉ ရက်တွင် ကျင်းပခဲ့ပြီး ကျောင်းသူ၊ ကျောင်းသား ၃၅ ဦးအား သူနာပြုပညာရပ်ဆိုင်ရာ သင်တန်းများကို ၂ နှစ်ကြာ သင်ကြားပို့ချကာ အရည်အချင်းပြည့်ဝပြီး ကျင့်ဝတ်ကောင်းမွန်သော သူနာပြုများ မွေးထုတ်ပေးရန် ရည်ရွယ်ထားသည်။
တအာင်းပြည်၊ နမ္မတူမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများ ကျန်းမာရေးအသိပညာ တိုးပွားစေရန်နှင့် ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ တအာင်းပြည်ကျန်းမာရေးကောင်စီ (THC) က အောက်တိုဘာ ၁၃ ရက်တွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပြီး ကူးစက်ရောဂါကာကွယ်ရေး၊ အသည်းရောင်အသားဝါ B၊ C ပိုးနှင့် HIV ရောဂါများအကြောင်း အသိပညာပေးဆွေးနွေးခဲ့သည်။
လူကြည့်အများဆုံး သတင်းများ