တအာင်းပြည်ကျန်းမာရေးကောင်စီမှ TIH ၏ ဆေးပညာဘွဲ့‌ (M.B.,B.S) အတွက် ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ရကျောင်းသား/သူများစာရင်း ထုတ်ပြန်ကြေညာ

တအာင်းပြည် ကျန်းမာရေးကောင်စီ THC လက်အောက်ရှိ “Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ (M.B.,B.S) ဒုတိယအကြိမ် ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ရသူများစာရင်းကို စက်တင်ဘာလ (၂၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး၊ ရွေးချယ်ခံရသူများ၏ Student Code No. များကို အီးမေးလ်မှတစ်ဆင့် ပေးပို့ထားပြီးဖြစ်သည်။ ယခုစာရင်းတွင် အမည်အတိုကောက်နှင့် ခုံနံပါတ်များဖြင့် ဖော်ပြထားပြီး၊ မပါဝင်သူများသည် ရွေးချယ်ခံရခြင်းမရှိသူများဖြစ်ကာ အသေးစိတ်ကို TIH ၏ တရားဝင် Facebook၊ Telegram @hi9h1ander နှင့် အီးမေးလ်တို့မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ့်ခမ်းနှင့် မူဆယ်မြို့ကြားရှိ စစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ စစ်ဆေးမှု ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည်အတွင်း ပြည်သူများ ဥပဒေကြောင်းအရ အကာအကွယ်များကို သိရှိနားလည်ရယူတတ်စေရန်၊ ငြိမ်းချမ်းပြီး တရားမျှတသော လူ့အဖွဲ့အစည်း ပေါ်ပေါက်လာစေရန်နှင့် ရပ်ရွာအတွင်း ကြုံတွေ့ရသည့် ဥပဒေဆိုင်ရာပြဿနာများကို ကူညီလမ်းညွှန်ပေးနိုင်သည့် Paralegal (ဥပဒေအထောက်အကူပြု) အဆင့်အထိ တက်လှမ်းနိုင်စေရန် ရည်ရွယ်၍ တအာင်းဥပဒေအထောက်အကူပြုအဖွဲ့-TLAF မှ အခြေခံဥပဒေဆိုင်ရာ အသိပညာပေးသင်တန်း (Basic Legal Knowledge Certificate Course) ကို ဖွင့်လှစ်မည်ဖြစ်သည်။

ဒေသတွင်းသတင်း

တအာင်းပြည်အတွင်း ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးနှင့် အနာဂတ်လူငယ်ခေါင်းဆောင်များ မွေးထုတ်ပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် လက်ဖက်မြေပညာရေးဖောင်ဒေးရှင်း (Tea Land Education Foundation - TLEF) မှ ဖွင့်လှစ်သည့် လက်ဖက်မြေနိုင်ငံရေးသိပ္ပံကျောင်း (Tea Land School of Political Science - TLSPS) အပတ်စဉ် (၄) ကျောင်းဖွင့်ပွဲကို စက်တင်ဘာလ ၁၂ ရက် နမ့်ဆန်မြို့နယ်တွင် ကျင်းပခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ မိုင်းဝီးမြို့နယ်၊ ဆိုင်လိန်းကျေးရွာအုပ်စု၊ လုံကန်ကျေးရွာတွင် အမျိုးသားတစ်ဦးသည် တောကောင်ထင်ယောင်မှား၍ တူမီးသေနတ်ပစ်ခတ်ရာမှ အမျိုးသားတစ်ဦးကို ထိမှန်ပြီး သေဆုံးခဲ့သည်။

ဒေသတွင်းသတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တရားစီရင်ရေးဌာနတွင် တရားစီရင်ရေးလုပ်ငန်းစဉ်များ ချောမွေ့မြန်ဆန်စေရန်၊ တရားစီရင်ရေးနှင့် ရုံးကိစ္စရပ်များ မှန်ကန်မြန်ဆန်စွာ လည်ပတ်နိုင်ရေးအတွက် တရားရုံးစာရေးလုပ်ငန်းများကို စိတ်ဝင်စားသော ဝန်ထမ်း (၂၀) ဦး စတင်ခေါ်ယူနေကြောင်း တရားစီရင်ရေးဌာနမှ ထုတ်ပြန်ခဲ့ပါသည်။

လူကြည့်အများဆုံး သတင်းများ

23 September 2026