နမ့်ခမ်းမြို့နယ်၊ ကျန့်ကွင်းကျေးရွာ၌ အောက်တိုဘာလ ၃၀ ရက်နေ့က တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသားတစ်ဦး၏ နေအိမ်မှ ဘိန်းဖြူ၊ ဘိန်းမဲနှင့် ယာမဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး၊ အလားတူ အောက်တိုဘာလ ၂၁ ရက်ကလည်း နမ္မတူမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
ယခုဖတ်ရန်တအာင်းပြည်ပညာရေးကောင်စီ (TLEC) ရုံးချုပ်၌ စက်တင်ဘာ (၁၇-၁၈) ရက်က ကျင်းပခဲ့သော အလုပ်ရုံဆွေးနွေးပွဲတွင် အဖွဲ့အစည်း၏ Supply Chain Management Policy မူကြမ်းကို အတည်ပြုနိုင်ခဲ့ပြီး အသုံးပြပုံစံ (Procurement Forms) များကို ပိုမိုစနစ်ကျအောင် ပြန်လည်ပြင်ဆင်ခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ TLEC ဥက္ကဋ္ဌ အပါအဝင် ဝန်ထမ်း (၄၀) ဦး တက်ရောက်ခဲ့ကြပါသည်။
တအာင်းပြည်၏ လက်ရှိလိုအပ်ချက်များနှင့် ကိုက်ညီသော အရည်အသွေးမြင့် အဆင့်မြင့်ပညာရေးစနစ် ဖော်ဆောင်နိုင်ရန် TLEC ဦးဆောင်၍ TLCU အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့ပြီး အဆင့်မြင့်ပညာရေးမူဝါဒ၊ TLCU ၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ၊ စံတန်ဖိုးများနှင့် ဖွဲ့စည်းပုံများကို ဆွေးနွေးအတည်ပြုခဲ့ကာ ဦးဆောင်အဖွဲ့ဝင် ၁၇ ဦးကို ဒီမိုကရေစီနည်းကျ ရွေးချယ်ခဲ့ကြသည်။
တအာင်းပြည်၊ နမ္မတူမြို့တွင် တအာင်းပြည် လူဝင်မှုကြီးကြပ်ရေးဌာနမှ ဦးဆောင်ဖွင့်လှစ်သည့် လူဝင်မှုကြီးကြပ်ရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအပတ်စဉ် (၁) သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့ပြီး သင်တန်းသူ/သား ၂၇ ဦးအား ရုံးလုပ်ငန်းနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အသိပညာ၊ ကျွမ်းကျင်မှုများကို သင်ကြားပေးခဲ့ကာ သင်တန်းဆင်းသူများသည် တအာင်းပြည်အတွင်း သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနများတွင် တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။
လူကြည့်အများဆုံး သတင်းများ