2103

နမ့်ဆန်မြို့နယ်တွင် သက်ငယ်မုဒိန်းကျူးလွန်သူ အမျိုးသားကို တရားစီရင်ရေးဌာနမှ ထောင်ဒဏ် (၁၀) နှစ်ချမှတ်

ဒေသတွင်းသတင်း / ဒေသတွင်း
31 August 2026

နမ့်ဆန်မြို့နယ်တွင် သက်ငယ်မုဒိန်းကျူးလွန်သူ အမျိုးသားကို တရားစီရင်ရေးဌာနမှ ထောင်ဒဏ် (၁၀) နှစ်ချမှတ်

နမ့်ဆန်၊ သြဂုတ် ၃၁ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် အမျိုးသမီးငယ်အပေါ် သက်ငယ်မုဒိန်းကျူးလွန်ခဲ့သော ဦးထွန်းလိုကို ပလောင်ပြည်နယ်လွတ်မြောက်‌ရေးတပ်ဦး PSLF/TNLA ၏ တရားစီရင်ရေးဌာနမှ ထောင်ဒဏ် (၁၀) နှစ်ချမှတ်ခဲ့ပါသည်။

အဆိုပါအမျိုးသားသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် အသက် (၁၇) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အတင်းအဓမ္မ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခဲ့သည်။ ထို့နောက် မိသားစုဝင်များမှ မြို့နယ်ရဲတပ်ဖွဲ့ထံ မေလ (၉) ရက်နေ့တွင် တိုင်ကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့မှ မေလ (၁၈) ရက်နေ့၌ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါအမှုအား တရားစီရင်ရေးဌာနမှ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့မှ  သြဂုတ်လ (၂၉) ရက်နေ့အထိ ရုံးချိန်း (၆) ကြိမ်တိုင်တိုင် အမှုစီရင်စစ်ဆေးဆုံးဖြတ်ပြီးနောက်တွင် ထိုအမျိုးသားသည် ပြစ်မှုထင်ရှားကြောင်း အတည်ပြုနိုင်သဖြင့် တရားသူကြီးမှ ရာဇသတ်ကြီးပုဒ်မ (၃၇၆) (၁) အရ ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခဲ့သည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဧပြီလ၌ နမ့်ဆန်မြို့နယ်တွင်  သက်ငယ်မုဒိန်းကျူးလွန်သူ အမျိုးသားတစ်ဦးကို PSLF/TNLA တရားစီရင်ရေးဌာနမှ ရာဇသတ်ကြီးပုဒ်မ (၃၇၆) အရ ငွေဒဏ်၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခဲ့သည်။



Website Official
www.taangland.org



Telegram Official Channel
https://t.me/pslftnlanews



Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV



YouTube Official
https://www.youtube.com/@pslftnlanews



#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်မြို့နယ်တွင် သက်ငယ်မုဒိန်းကျူးလွန်သူ အမျိုးသားကို တရားစီရင်ရေးဌာနမှ ထောင်ဒဏ် (၁၀) နှစ်ချမှတ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်