2130

တအာင်းပြည်တွင် အရည်အချင်းပြည့်မီသော Software Engineer များ ပေါ်ထွက်လာစေရန် လက်ဖက်မြေနည်းပညာသင်တန်းကျောင်း (TLIT) အတွက် သင်တန်းသား စတင်ခေါ်ယူနေ

ဒေသတွင်းသတင်း / ဒေသတွင်း
06 September 2026

တအာင်းပြည်တွင် အရည်အချင်းပြည့်မီသော Software Engineer များ ပေါ်ထွက်လာစေရန် လက်ဖက်မြေနည်းပညာသင်တန်းကျောင်း (TLIT) အတွက် သင်တန်းသား စတင်ခေါ်ယူနေ


နမ့်ဆန်၊ စက်တင်ဘာ ၆ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်တွင် အရည်အချင်းပြည့်ဝသော Software Engineer များ မွေးထုတ်ပေးရန်နှင့် ဒေသတွင်း နည်းပညာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ Tea Land Information Technology School (TLIT) အတွက် သင်တန်းသားများ စတင်ခေါ်ယူနေကြောင်း ICT Center-Ta’ang Land မှ စက်တင်ဘာလ (၄) ရက်နေ့၌ ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါသင်တန်းကျောင်းသည် Programming နှင့် Software Development ကို အခြေခံမှစတင်၍ လုပ်ငန်းခွင်ဝင်နိုင်သည့်အဆင့်ထိ သင်ကြားပေးသော ကျောင်းဖြစ်ပါသည်။ ထို့ပြင်  သီအိုရီကိုသာ သင်ကြားပေးခြင်းမဟုတ်ဘဲ Real-World Project များဖြင့် လက်တွေ့ လေ့လာသင်ကြားပေးသည့်အတွက် သင့်တန်းပြီးဆုံးသည်နှင့် IT လုပ်ငန်းခွင်သို့ ယုံကြည်စိတ်ချစွာ ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။


သင်တန်းကာလသည် (၁၆) လ ကြာမြင့်မည်ဖြစ်ပြီး သင်ကြားပေးမည့် အဓိကဘာသာရပ်များ (၆) ခုဖြစ်သည့် Web Development, Mobile Development, Database Management, Server Administration, Software Engineering, Cyber Security Fundamentals စသည့်ဘာသာရပ်များဖြစ်သည်။ 

လျှောက်ထားသူများအတွက်အနေဖြင့် စနစ်ဟောင်း တက္ကသိုလ်ဝင်တန်း (သို့မဟုတ်) စနစ်သစ် Grade-12 အောင်မြင်ထားသူဖြစ်ပြီး အကျင့်စာရိတ္တကောင်းမွန်၍ ကျန်းမာရေးလည်း ကောင်းမွန်သူ ဖြစ်ရမည်။ ထို့နောက် IT နည်းပညာကို အမှန်တကယ် စိတ်ပါဝင်စားပြီး ကျောင်းမှ ထုတ်ပြန်ထားသော စည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ရမည်ကြောင်း ဖော်ပြထားပါသည်။


သင်တန်းတတ်ရောက်သူများသည် စားသောက်စရိတ်အဖြစ် တစ်လလျှင် (၁၀၀,၀၀၀) ကျပ် ပေးသွင်းရမည်ဖြစ်ပြီး ကျန်သင်ကြားရေးစရိတ်များကို TLIT ကျောင်းမှ တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ အဆိုပါသင်တန်းကျောင်းကို သင်တန်းသား/သူ (၁၅) ဦးသာ ခေါ်ယူသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက တအာင်းပြည်အစိုးရ လုပ်ငန်းဌာနများတွင် အနည်းဆုံး (၂) နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။


အဆိုပါလျှောက်လွှာများကို စက်တင်ဘာလ (၂၅)ရက်နေ့တွင် နောက်ဆုံးထားပေးပို့ရမည်ဖြစ်ပြီး စက်တင်ဘာလ (၂၆) ရက်နေ့မှ အောက်တိုဘာလ (၃) ရက်နေ့အထိ လူတွေ့စစ်ဆေးမေးမြန်းသွားမည်။ ယင်းလျှောက်လွှာများကို အသေးစိတ် သိရှိလိုပါက ICT Center - Ta'ang Land Facebook Page (သို့မဟုတ်) အီးမေးလ် [email protected]၊ Telegram Username @ictcenter2027 မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ကြောင်းအသိပေးအပ်ပါသည်။


Website Official

www.taangland.org



Telegram Official Channel

https://t.me/pslftnlanews



Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV



YouTube Official

https://www.youtube.com/@pslftnlanews



#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်တွင် အရည်အချင်းပြည့်မီသော Software Engineer များ ပေါ်ထွက်လာစေရန် လက်ဖက်မြေနည်းပညာသင်တန်းကျောင်း (TLIT) အတွက် သင်တန်းသား စတင်ခေါ်ယူနေ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်