နမ္မတူနှင့် မန်တုံမြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး သုံးစွဲသူ အမျိုးသမီးတစ်ဦးအပါအဝင် (၁၁) ဦး ဖမ်းဆီးရမိ
နမ့်ဆန်၊ စက်တင်ဘာ ၆ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ္မတူနှင့် မန်တုံမြို့နယ်တွင် သြဂုတ်လတစ်လအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်နေစဥ် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသမီးတစ်ဦးအပါအဝင် (၁၁) ဦး ဖမ်းဆီးရမိခဲ့ပါသည်။
နမ္မတူမြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ်လ (၉) ရက်နေ့၌ မြို့နယ်ရဲ့တပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်နေစဥ် မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၃၈) နှစ်အရွယ် ဦးဆိုထွေး သော်လည်းကောင်း၊ သြဂုတ်လ (၁၅) ရက်နေ့တွင် အသက် (၅၂) နှစ်အရွယ် ဦးရန်ကင်ကြယ် သော်လည်းကောင်း ၎င်းတို့ထံမှ စိတ်ကြွဆေးပြားအနည်းငယ်နှင့် ဆက်စပ်သည့်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပါသည်။
ထို့နောက် သြဂုတ်လ (၂၃) ရက်နေ့လည်း မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၆၃) နှစ်အရွယ် ဦးလုံကော၊ အသက် (၂၈) နှစ်အရွယ် ဦးစိုင်းခမ်းအောင်၊ အသက် (၃၈) နှစ်အရွယ် ဦးအလိုင်၊ အသက် (၃၄) နှစ်အရွယ် ဦးညီချစ်၊ အသက် (၄၁) နှစ်အရွယ် ဦးဘိုဘိုတို့ကို ဖမ်းဆီးရမိခဲ့ပါသည်။ ၎င်းအပြင် သြဂုတ်လ (၃၀) ရက်နေ့၌ အသက် (၃၆) နှစ်အရွယ် ဒေါ်သီအောင်ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။

အလားတူ မန်တုံမြို့နယ်၊ လွယ်မွန်းကျေးရွာအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူနေကြောင်း သတင်းရရှိသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ ပြီးခဲ့သည့် သြဂုတ်လ (၃၀) ရက်နေ့၌ သွားရောက်စစ်ဆေးခဲ့ရာမှ အသက် (၃၀) နှစ်အရွယ် ဦးနိုင်ဆီ၊ အသက် (၃၆) နှစ်အရွယ် ဦးယိုင်ဘောင်နှင့် အသက် (၅၀) နှစ်အရွယ် ဦးနိုင်ထွန်းတို့ကို မူးယစ်ဆေးဝါးသုံးစွဲထားသည့် ဆက်စပ်ပစ္စည်းများနှင့်အူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးသုံးစွဲသူများကို PSLF/TNLA ၏ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မူးယစ်ဆေးဝါးဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားဖြစ်၍ အကျင့်စာရိတ္တလည်း ပြုပြင်ပေးသွားမည်ဖြစ်ပါသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မူးယစ်ဆေးဝါးအသုံးပြုမှုနှင့် ရောင်းဝယ်ဖြန့်ဖြူးမှုများ ပပျောက်စေရန်၊ လူငယ်များ၏ အနာဂတ်ကို ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေး၊ လူမှုဘဝလုံခြုံတည်ငြိမ်ရေးတို့ကို မြှင့်တင်နိုင်ရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
Website Official
Telegram Official Channel
Telegram Link – Ta’ang TV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ