တအာင်းပြည်၊ နမ္မတူမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စေရန် ရည်ရွယ်၍ အပတ်စဉ် (၂) အရံမီးသတ်သင်တန်းကို အောက်တိုဘာလ (၃) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၄၇) ဦးအား (၂၅) ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်သည်။
ယခုဖတ်ရန်တအာင်းပြည်အတွင်း လူဦးရေစာရင်းနှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကို စနစ်တကျ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TLG လက် အောက်ရှိ တအာင်းပြည်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (Ta'ang Land Immigration Department) မှ လိုအပ်နေသော ဝန်ထမ်းသစ် (၅၀) ဦးကို စတင်ခေါ်ယူနေသည်။
တအာင်းပြည်၊ နမ့်ခမ်းမြို့အတွင်း သန့်ရှင်းသာယာလှပရေးနှင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရန်သော်လည်းကောင်း၊ မန်တုံမြို့နယ်၊ မော်လုံ၊ မန်ပွန်းထပ်ချက်နှင့် ရေပုံးကျေးရွာကြားရှိ လမ်းမကြီးတစ်လျှောက်တွင် ရေမြောင်းများ တူးဖော်ခြင်း၊ မြက်ပင်၊ ခြုံပင်များ ရှင်းလင်းခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပြည်သူလူထုများမှ စုပေါင်း၍ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
လူကြည့်အများဆုံး သတင်းများ