2171

မိုင်းဝီးနှင့် နမ္မတူမြို့နယ်တွင် ဌာနဆိုင်ရာများမှ ဦးဆောင်၍ ပြည်သူလူထုများနှင့်အတူ ရေမြောင်းများ၊ လမ်းများ၊ ခြုံပင်၊ မြက်ပင်များကို ခုတ်ထွင်ရှင်းလင်းခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
22 September 2026

မိုင်းဝီးနှင့် နမ္မတူမြို့နယ်တွင် ဌာနဆိုင်ရာများမှ ဦးဆောင်၍ ပြည်သူလူထုများနှင့်အတူ ရေမြောင်းများ၊ လမ်းများ၊ ခြုံပင်၊ မြက်ပင်များကို ခုတ်ထွင်ရှင်းလင်းခဲ့

မိုင်းဝီး၊ စက်တင်ဘာ ၂၂ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ မိုင်းဝီးမြို့နှင့် နမ္မတူမြို့နယ်တွင်  သန့်ရှင်းသာယာလှပစေရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးဆောင်၍ ပြည်သူထုများနှင့်အတူ ရေမြောင်းများ ရှင်းလင်းခြင်း၊ လမ်းများ ပြုပြင်ခြင်း၊ ခြံပင်၊ မြက်ပင်များကို ခုတ်ထွင်ရှင်းလင်းမှု ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။




မိုင်းဝီးမြို့၊ ရပ်ကွက် (၃) နှင့် ရပ်ကွက် (၄) အတွင်းရှိ လမ်းများနှင့် လမ်းမကြီးတလျောက်တွင် ပြီးခဲ့သည့် စက်တင်ဘာလ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ ခြုံပင်၊ မြက်ပင်များကို ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေမြောင်းအတွင်း ရေစီးကြောင်းများ ပိတ်ဆို့မှု မရှိစေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ပြည်သူလူထုများနှင့်အတူ စုစုပေါင်း လူဦးရေ (၉၈) ဦးဖြင့် တူးဖော်ရှင်းလင်းခဲ့ပါသည်။




အလားတူ မိုင်းဝီးမြို့နှင့် မန်ပူးကျေးရွာရှိ လမ်းမကြီးတလျောက်တွင် ခြုံပင်၊ မြက်ပင်များ ထူထပ်နေပြီး ပြည်သူလူထုများ ခရီးသွားရာတွင် အန္တရာယ်များကြုံတွေ့နိုင်သောကြောင့် ပြီးခဲ့သည့် စက်တင်ဘာလ (၁၆) ရက်နေ့မှ စတင်၍ လမ်းဘေးရှိ  မြက်ပင်၊ ခြုံပင်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူလူထုများအပါအဝင် စုစုပေါင်း လူဦးရေ (၄၀) ဦးဖြင့် ရှင်းလင်းလုပ်ဆောင်ခဲ့ပါသည်။





၎င်းအပြင် နမ္မတူမြို့၊ မိုင်းဘော်ကျေးရွာအတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် ပြီးခဲ့သည့် စက်တင်ဘာလ (၁၃) ရက်နေ့မှစတင်၍ တရက်လျှင် လူအင်အား (၂၀) ဦးဖြင့် နယ်မြေရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူလူထုများက စုပေါင်း၍  လမ်းများ၊ ရေမြောင်းများ၊ တံတားများ ပြုပြင်ခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းစသည့် လုပ်ငန်းများကို စနစ်တကျ ပူးပေါင်းလုပ်ဆောင်ခဲ့ပါသည်။




အလားတူ ပြီးခဲ့သည့် စက်တင်ဘာ (၆) ရက်နေ့လည်း မိုင်းဘော်နှင့် မန်အီကျေးရွာကြားရှိ  ဆက်သွယ်ထားသည့် အဓိက  လမ်းမကြီးပေါ်တွင် မြေပြိုမှုဖြစ်ပွားခဲ့သဖြင့် လမ်းပိတ်ဆိုမှုနေသောကြောင့် PSLF/TNLA မြိုနယ်အုပ်ချုပ်ရေးဌာန၊ ရဲတပ်ဖွဲနှင့် ပြည်သူလူထုများ စုပေါင်း၍ ရှင်းလင်းရေးလုပ်ငန်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။





Website Official
www.taangland.org



Telegram Official Channel
https://t.me/pslftnlanews



Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV



YouTube Official
https://www.youtube.com/@pslftnlanews



#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုင်းဝီးနှင့် နမ္မတူမြို့နယ်တွင် ဌာနဆိုင်ရာများမှ ဦးဆောင်၍ ပြည်သူလူထုများနှင့်အတူ ရေမြောင်းများ၊ လမ်းများ၊ ခြုံပင်၊ မြက်ပင်များကို ခုတ်ထွင်ရှင်းလင်းခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်