နမ့်ခမ်းမြို့တွင် တအာင်းစာအဖွဲ့-TLA မှ ဌာနဆိုင်ရာဝန်ထမ်းများကို အခြေခံတအာင်းရုံးသုံးစာ အပတ်စဉ် (၁) သင်တန်းဆင်းပွဲကျင်းပ

တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် တအာင်းစာအဖွဲ့ (TLA) မှ ဦးဆောင်ဖွင့်လှစ်ခဲ့သည့် အခြေခံတအာင်းရုံးသုံးစာ အပတ်စဉ် (၁) သင်တန်းဆင်းပွဲကို အောက်တိုဘာလ (၂၁) ရက်နေ့တွင် ကျင်းပခဲ့သည်။ အဆိုပါသင်တန်းတွင် ဌာနဆိုင်ရာဝန်ထမ်း သင်တန်းသား/သူ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ပြီး တအာင်းစာကို ရုံးလုပ်ငန်းများတွင် မှန်ကန်စွာ ဖတ်ရှုရေးသားအသုံးပြုနိုင်ရန် သင်ကြားပို့ချပေးခဲ့ကာ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်းပြည်အတွင်း ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးနှင့် အနာဂတ် လူငယ်ခေါင်းဆောင်များ မွေးထုတ်ပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် လက်ဖက်မြေပညာရေးဖောင်ဒေးရှင်း (Tea Land Education Foundation - TLEF) မှ ဖွင့်လှစ်မည့် လက်ဖက်မြေနိုင်ငံရေးသိပ္ပံကျောင်း-TLSPS အပတ်စဉ် (၄) ကို တက်ရောက်ခွင့်ရရှိသည့် သင်တန်းသား/သူ စုစုပေါင်း (၃၆) ဦး၏ အမည်စာရင်းကို စက်တင်ဘာလ (၃) ရက်နေ့၌ TLSPS မှ ထုတ်ပြန်ကြေညာခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်အတွင်းရှိကျောင်းများတွင် Grade-12 အောင်မြင်ပြီးမြောက်ထားသူများနှင့် အဆင့်မြင့်ပညာရေးသို့ ဆက်လက်တက်ရောက်ရန် အခက်အခဲရှိသည့် ကျောင်းသူ/သားများအား နိုင်ငံတကာအသိအမှတ်ပြုသည့် အဆင့်မြင့်ပညာရေးလက်လှမ်းမှီစေရန် ရည်ရွယ်၍ BEAM Education Foundation နှင့် TLEC မှ ပူးပေါင်းကာ (၁၅) လတာ GED သင်တန်းအပတ်စဥ် (၁) ကို စက်တင်ဘာလ (၂) ရက်နေ့မှစတင်၍ စတင်ခေါ်ယူနေကြောင်း TLEC မှ ထုတ်ပြန်ကြေညာခဲ့ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ စက်တင်ဘာ၊ ၂၀၂၆ခုနှစ်

ဒေသတွင်းသတင်း

တအာင်းပြည်အတွင်း တအာင်းလူငယ်သတင်းသမားကောင်းများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ရွှေဖီမြေသတင်းအေဂျင်စီ-SPMမှ ဦးဆောင်ဖွင့်လှစ်မည့် သတင်းစာပညာ ဒီပလိုမာ (Diploma in journalism) သင်တန်းကျောင်း အပတ်စဉ် (၁)အတွက် သင်တန်းသူ/သားများခေါ်ယူနေကြောင်း SPMမှ ထုတ်ပြန်ခဲ့ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် သြဂုတ် (၃၀) ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွားခဲ့ပြီးနောက် ကျန်ရှိခဲ့သော ရွံ့နွံများကို မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ရှင်းလင်းရေးပြုလုပ်ခဲ့ပါသည်။

လူကြည့်အများဆုံး သတင်းများ

22 October 2026