1767

တအာင်းဉပဒေ အထောက်အကူပြုအဖွဲ (TLAF) မှ ဖွင့်လှစ်သော တအာင်းဉပဒေ အကယ်ဒမီကျောင်း (TLA) အပတ်စဉ်(၂) ဒီပလိုမာဘွဲအပ်နှင်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး

ဒေသတွင်းသတင်း / ဒေသတွင်း
24 February 2026

တအာင်းဉပဒေ အထောက်အကူပြုအဖွဲ (TLAF) မှ ဖွင့်လှစ်သော တအာင်းဉပဒေ အကယ်ဒမီကျောင်း (TLA) အပတ်စဉ်(၂) ဒီပလိုမာဘွဲအပ်နှင်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး 



နမ္မတူ၊ ဖေဖော်ဝါရီ ၂၃

တအာင်းပြည်သတင်း


တအာင်းပြည် မန်တုံခရိုင်၊ နမ္မတူမြိုတွင် တအာင်းဉပဒေ အထောက်အကူပြုအဖွဲ (Ta’ang Legal Aid Foundation) မှ ဖွင့်လှစ်သော တအာင်းဉပဒေ အကယ်ဒမီကျောင်း (Ta’ang Law Academy) အပတ်စဉ်(၂)အား ဒီပလိုမာဘွဲအပ်နှင်းပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။ 











တအာင်းဉပဒေ အကယ်ဒမီကျောင်း (Ta’ang Law Academy) အပတ်စဉ်(၂) ဒီပလိုမာဘွဲအပ်နှင်းပွဲအခမ်းအနားတွင်  တအာင်းပြည်နယ်အတွင်းရှိ နေရပ်အသီးသီးမှ တအာင်းလူငယ်မောင်မယ်များအပြင် ကယန်းဒေသမှ ကျောင်းသား/သူ(၄)ဦးလည်း ပါဝင်ရာ စုစုပေါင်းကျောင်းသား/သူ (၅၀)ဦး တက်ရောက်အောင်မြင်ခဲ့ပါသည်။ 






အဆိုပါ အခမ်းအနားတွင် ဗိုလ်ချုပ် တားဘုန်းကျော် မှ 

“ဒီကမ္ဘာကြီး မည်မျှတိုးတက်လာနေပါစေ ဒီထက်ပိုယဉ်ကျေးသိမ်မွေ့ဖိုလိုအပ်တယ်၊ ဒီအတွက် ဉပဒေဆိုင်ရာအလုပ်ပဲ တာဝန်ယူနိုင်တယ်၊ ငြိမ်းချမ်းတဲ့ လူမှုအသိုင်းအဝိုင်းတည်ဆောက်ဖန်တီးဖိုလိုအပ်တဲ့အတွက်ကြောင့် ဉပဒေတက်ကျွမ်းတဲ့ ပညာရှင်တွေလိုအပ်တယ်၊ ဉပဒေဖောက်ဖျက်နေရင် ဉပဒေအရ အရေးယူကိုင်တွယ်ဖိုလိုအပ်တယ်၊ တကယ်ငြိမ်းချမ်း လူမှုအဖွဲအစည်း၊ အသိုင်းအဝိုင်းဖြစ်အောင် လုပ်ရမယ်” ဟု အဖွင့်အမှာစကားပြောခဲ့သည်။ 


ထိုပြင် ပြည်သူ့အစိုးရကို စနစ်တကျဖွဲစည်းနိုင်ရေးနှင့် တရားဥပဒေစိုးမိုးရေးအခြေခံပေါ်တွင် အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေဒီပလိုမာ သင်တန်းဆင်းလူငယ်များအနေဖြင့် ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရန်၊ ဥပဒေပညာကို ဆက်လက်လေ့လာတိုးမြှင့်ရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်စွာဖြင့် တာဝန်ထမ်းဆောင်ရန် တိုက်တွန်းခဲ့သည်။











သင်တန်းတွင် ဥပဒေဆိုင်ရာဘာသာရပ်များ ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေ၊ နိုင်ငံရေး၊ လူ့အခွင့်အရေးဆိုင်ရာဘာသာရပ်များ၊ ပုဂ္ဂိုလ်ရေးစွမ်းရည်မြှင့်တင်ရေးဘာသာရပ်များအပြင် တအာင်းရုံးသုံးစာ၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စာ ဘာသာရပ်များကို သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်သည့် ဆရာ/ဆရာမများက သင်ကြားပိုချပေးခဲ့သည်။ 







အဆိုပါ ဥပဒေကျောင်းကို (၂၀၂၄) ခုနှစ်၊ မတ်လမှ စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၂၄) ဦးနှင့် သင်တန်းသူ (၂၆) ဦး စုစုပေါင်း (၅၀) ဦးတိုသည် (၂) နှစ်တာကာလအတွင်း တက်ရောက်သင်ကြားခဲ့ကြခြင်းဖြစ်သည်။ အခမ်းအနားတွင် ဥပဒေသင်တန်း အောင်မြင်ပြီးမြောက်ကြသည့် ကျောင်းသူကျောင်းသားများကို ဒီပလိုမာဘွဲ ပေးအပ်ချီးမြှင့်ခြင်းနှင့် ထူးချွန်သည့် ကျောင်းသား/သူများကို ဂုဏ်ပြုဆုများ ပေးအပ်ခြင်းနှင့် ဖိတ်ထားသော သက်ဆိုင်ရာ တိုင်းရင်းသားစာပေယဉ်ကျေးမှု အကပဒေသာဖြင့် ကျောင်းသူကျောင်းသားများ ဂုဏ်ပြု ဖျော်ဖြေတင့်ဆက်ခဲ့ကြပါသည်။ 




ကျောင်းဆင်းပွဲတွင် PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ တအာင်းပြည်ကောင်စီ- TLC ဒုဥက္ကဌ(၁) ဒီဒီမိုးခမ်း၊ PSLF/TNLA အုပ်ချုပ်‌ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူ;ဇာရ်၊ ပါမောက္ခ ဒေါက်တာဟောည်၊ သင်တန်းဆရာ/ဆရာများ အပါအဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တအာင်းအရပ်ဖက်အဖွဲအစည်းနှင့် ရှမ်း၊ ဂေါ်ရခါး၊ တအာင်း၊ မုန်းဝန်း စသည့်တိုင်းရင်းသားစာပေယဉ်ကျေးမှုအပြင် ကျောင်းသူကျောင်းသားများ၏မိဘများ စုစုပေါင်း လူဉီးရေ (၅၀၀)ဉီး တက်ရောက်ခဲ့ကြသည်။ 





ယခုကျောင်းပြီးသွားသည် ကျောင်းသူကျောင်းသားများသည် ပြည်သူ့ဝန်ထမ်းအဖြစ် တအာင်းပြည်အတွင်း တရားဥပဒေ စိုးမိုးရေးအတွက် တရားရုံးဌာနများတွင် ရှေ့နေအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ကြရမည် ဖြစ်ပါသည်။ 




တအာင်းဥပဒေ အကယ်ဒမီကျောင်းကို တအာင်းဥပဒေ အထောက်အကူပြုအဖွဲ TLAF (Ta’ang Law Academy Foundation ) က ပြီးခဲ့သည့် ၂၀၂၂ခုနှစ်တွင် ကမကထ ဦးဆောင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အပတ်စဉ်(၁)တွင် ကျောင်းသား/သူ(၃၄)ဦး မွေးထုတ်နိုင်ခဲ့သည်။ အပတ်စဥ်(၁)ကျောင်းပြီးသွားသော ကျောင်းသား/သူများသည် လက်ရှိတွင် တအာင်းပြည်နယ်အတွင်း တရာဥပဒေစိုးမိုးရေးအတွက် အရပ်ဘက် တရားရုံးတွင်လည်းကောင်း၊ PSLF/TNLA၏ စစ်ဘက်တရားရေးဌာနတိုတွင်လည်းကောင်း ရှေ့နေအဖြစ်  တရားစီရင်ရေးတာဝန်များ အသီးသီး ပြန်လည် တာဝန်ထမ်းဆောင်နေပြီဖြစ်သည်။ 


Website Official 

www.taangland.org

Telegram Official Channel

https://t.me/taangtv2023

YouTube Official 

https://www.youtube.com/@pslftnlanews

Telegram Link – Ta’ang TV

https://t.me/TaangTV


#PSLF/TNLA

#သတငးနှင့်ပြန်ကြားရေးဌာန



Topics: တအာင်းဉပဒေ အထောက်အကူပြုအဖွဲ (TLAF) မှ ဖွင့်လှစ်သော တအာင်းဉပဒေ အကယ်ဒမီကျောင်း (TLA) အပတ်စဉ်(၂) ဒီပလိုမာဘွဲအပ်နှင်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်