ခေါင်းစဥ်များ
ယခုရက်ပိုင်းတွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် တအာင်းပြည်၊ နမ္မတူမြို့၊ မန်တုံမြို့၊ နမ့်ဖက်ကာမြို့နှင့် မိုင်းဝီးမြို့နယ်တို့တွင် ရေကြီးရေလျှံဖြစ်ပွားရာပြီး မြေပြိုမှုနှင့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးသွားခဲ့ပါသည်။
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာတွင် အမျိုးသားတစ်ဦးမှ ၎င်း၏မိသားစုဝင်ကို ဓားနှင့်ထိုးသောကြောင့် (၂)ဦး သေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ရက် ည (၇း၀၀)နာရီအချိန်တွင် အသက် (၄၀)နှစ်အရွယ် ဦးစိုင်းမြင့်
တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ၊ နောင်ချိုမြို့နယ်၊ တောင်ရှည်ရွာနှင့် မန်မော်ကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ဖေဖော်ဝါရီလ (၂၃)ရက်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့နယ်၊ ကုန်စုံကျေးရွာတွင် နေအိမ်အတွင်း ဗုံးဆော့ကစားရာမှ ပေါက်ကွဲကာ (၂)ဦး သေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရပ်ကွက်တွင် အမျိုးသားတစ်ဦးသည် ဆိုင်ကယ်ကို အရှိန်လွန်မောင်းရာမှ ဓာတ်တိုင်ကို တိုက်မိပြီး သေဆုံးခဲ့ပါသည်။
တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအ၀င် ဒေသခံ (၃)ဦး သေဆုံးပြီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
တအာင်းပြည်ပညာရေးကောင်စီ (TLEC)သည် တအာင်းပြည်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ ဆက်လက်ဖွင့်လှစ်သွားနိုင်ရန် လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် လိုအပ်နေသောဆရာ/မများ ခေါ်ယူသွားမည်ဖြစ်သည်။
Showing 451 to 459 of 985 results
လူကြည့်အများဆုံး သတင်းများ