1788

နမ့်ဖတ်ကာမြို့တွင် နေအိမ် (၁)အိမ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး (၂)ဦးသေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
09 March 2026

နမ့်ဖတ်ကာမြို့တွင် နေအိမ် (၁)အိမ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး (၂)ဦးသေဆုံး


နမ့်ဖတ်ကာ၊ မတ်လ ၉ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ဖတ်ကာမြို့တွင် နေအိမ် (၁)အိမ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး (၂)ဦး မီးလောင်သေဆုံးသွားခဲ့ပါသည်။


ဖြစ်စဉ်တွင် ယမန်နေ့ ည (၉:၀၀)နာရီအချိန်၌ နမ့်ဖတ်ကာမြို့၊ ရပ်ကွက် (၆)တွင်နေထိုင်သည့် ဒေါ်အမ်ခေါင်ဆိုသူသည် နေအိမ်အတွင်း နေရံပေါ်တွင် ဖယောင်းတိုင်မီးထွန်းထားခဲ့ကာ ၎င်းမီးသည် အောက်တွင်ထားရှိနေသော ဓာတ်ဆီပုံးပေါ်သို့ ကျသွား၍ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 


အဆိုပါမီးလောင်မှုကြောင့် နေအိမ်အတွင်းရှိ အသက် (၆၀)နှစ်အရွယ် ဒေါ်အမ်ခေါင်နှင့် ၎င်းတို့၏ မြေးဖြစ်သူ အသက် (၁၀)နှစ်အရွယ် မအေမိုးကီတို့သည် မီးလောင်ဒဏ်ရာဖြင့် အသက်ဆုံးရှုံးသွားခဲ့ရသည်။


ထို့မီးလောင်သွားသည့်နေအိမ်သည် နှစ်ထပ်တိုက်အိမ်ဖြစ်ပြီး မီးလောင်မှုကြောင့် နေအိမ်နှင့် အိမ်အတွင်းရှိပစ္စည်းများအားလုံး မီးလောင်ပျက်စီးသွားခဲ့သည်။ ၎င်းမီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာကို PSLF/TNLA မီးသတ်တပ်ဖွဲ့နှင့် ပြည်သူလူထုများမှ ပူးပေါင်းဝိုင်းဝန်း၍ မီးကိုငြိမ်းသတ်နိုင်ခဲ့သည်။


မိဘပြည်သူလူထုများအနေဖြင့် မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန် ပြည်သူတစ်ဦးချင်းစီမှ အသိရှိရှိ၊ သတိရှိရှိဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားပါက နီးစပ်ရာ မီးသတ်တပ်ဖွဲများထံ အမြန်ဆုံးအကြောင်းကြား၍ ပူးပေါင်းကူညီကြရန် လိုအပ်ပါသည်။


လက်ရှိကာလတွင် ခြောက်သွေ့ရာသီဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အထူးသတိပြုရန် လိုအပ်သည်။ အထူးသဖြင့် နေအိမ်ပတ်ဝန်းကျင်တွင် ရေနံဆီ၊ ဓာတ်ဆီ၊ စက္ကူ၊ အဝတ်အစား၊ သစ်၊ ဝါး၊ ဓနိ၊ သက်ကယ် စသည့် မီးလောင်လွယ်သော ပစ္စည်းများကို စနစ်တကျ ထားရှိရမည်ဖြစ်သည်။ ထိုပြင် မီးအသုံးပြုပြီးပါက သေချာစွာ မီးငြိမ်းစေရန်၊ ဘက်ထရီအိုး/ဆိုလာပြား စစ်ဆေးခြင်း၊ လျှပ်စစ်မီးအသုံးပြုရာတွင် မီးခလုတ်များကို စစ်ဆေးပိတ်ထားရန်နှင့် ပေါ့ဆမီးမဖြစ်ပွားစေရန် အထူးသတိပြုရမည်ဖြစ်ကြောင့် တိုက်တွန်းအပ်ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဖတ်ကာမြို့တွင် နေအိမ် (၁)အိမ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး (၂)ဦးသေဆုံး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်