၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် တအာင်းပြည်အပါအဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်း) ဒေသများ၌ နေရာကျဲကျဲ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး လာမည့် နှစ်ရက်အတွင်းတွင်လည်း ဆက်လက်ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ထို့အပြင် မိုးတိမ်တောင်များ ရွေ့လျားရာတစ်လျှောက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် သစ်ပင်ကြီးများ၊ ဓာတ်အားလိုင်းများနှင့် ကွင်းပြင်များကို ရှောင်ရှားပြီး ကြိုတင်သတိပြု နေထိုင်ကြရန် တိုက်တွန်းထားပါသည်။
ယခုဖတ်ရန်၂၀၂၅ခုနှစ် တစ်နှစ်တာကာလအတွင်းတွင် PSLF/TNLA၏ အထွေထွေအုပ်ချုပ်ရေးဌာနမှ နမ့်ဆန်ခရိုင် ၊ကျောက်မဲခရိုင်၊ မိုးကုတ်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ခမ်းခရိုင်တိုတွင် ပြည်သူလူထု၏ သွားလာရေးအဆင်ပြေစေရန်နှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ တိုးတက်လာစေရန် ရည်ရွယ်၍ လမ်းနှင့် တံတားများ ပြုပြင်ဆောက်လုပ်မှု စီမံကိန်း စုစုပေါင်း (၂၄၈) ခု ပြီးစီးနိုင်ခဲ့ပါသည်။
လူကြည့်အများဆုံး သတင်းများ