တအားပြည်အပါအဝင် ရှမ်းပြည်နယ်တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး မိုးတိမ်တောင်များကြောင့် လေပြင်းနှင့် မိုးကြိုးအန္တရာယ် သတိပြုရန်လို

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် တအာင်းပြည်အပါအဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်း) ဒေသများ၌ နေရာကျဲကျဲ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး လာမည့် နှစ်ရက်အတွင်းတွင်လည်း ဆက်လက်ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ထို့အပြင် မိုးတိမ်တောင်များ ရွေ့လျားရာတစ်လျှောက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် သစ်ပင်ကြီးများ၊ ဓာတ်အားလိုင်းများနှင့် ကွင်းပြင်များကို ရှောင်ရှားပြီး ကြိုတင်သတိပြု နေထိုင်ကြရန် တိုက်တွန်းထားပါသည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ ဌာနတစ်ခုဖြစ်သည့် အမျိုးသမီးဖွံဖြိုးတိုး တက်ရေးဌာနသည် ဖေဖော်ဝါရီလအတွင်း ကျေးရွာပေါင်း (၉၈) ရွာရှိ ပြည်သူလူထုများထံ ကွင်းဆင်း၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်တွင် ဖွင့်လှစ်မည့် “Tealand Medical School” ၏ ဆေးပညာဘွဲ့ Bachelor of Medicine, Bachelor of Surgery (M.B.B.S) အပတ်စဉ် (၁) ဝင်ခွင့်စာမေးပွဲအား လျှောက်ထားသူများအနေဖြင့် စနစ်တကျ ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် စာမေးပွဲဆိုင်ရာ လိုအပ်ချက်များကို အချိန်မီ သိရှိနိုင်စေရန် အသိပေးကြေညာခြင်းဖြစ်ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည် ကွတ်ခိုင်မြို့နယ်၊ နမ့်ဆန်မြို့နယ်နှင့် မိုင်းဝီးမြို့နယ်တို့တွင် ဖေဖော်ဝါရီလအတွင်း မီးလောင်မှု (၃)ကြိမ် ဖြစ်ပွားခဲ့ပြီး စုစုပေါင်း ကျပ်သိန်းပေါင်း (၈၀၀)ကျော် မီးလောင်ဆုံးရှုံးခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ မိုင်းငေါ့မြိုတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ မီးသတ်တပ်ဖွဲက ပွင့်လင်းရာသီရောက်လာပြီဖြစ်သည့်အတွက်ကြောင့် မီးဘေးအန္တရာယ် ကြိုတင်အသိပညာပေးဆော်သြမှုများပြုလုပ်နေသည့် ပုံရိပ်ဖြစ်ပါသည်။

လူကြည့်အများဆုံး သတင်းများ

22 November 2026