၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် တအာင်းပြည်အပါအဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်း) ဒေသများ၌ နေရာကျဲကျဲ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး လာမည့် နှစ်ရက်အတွင်းတွင်လည်း ဆက်လက်ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ထို့အပြင် မိုးတိမ်တောင်များ ရွေ့လျားရာတစ်လျှောက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် သစ်ပင်ကြီးများ၊ ဓာတ်အားလိုင်းများနှင့် ကွင်းပြင်များကို ရှောင်ရှားပြီး ကြိုတင်သတိပြု နေထိုင်ကြရန် တိုက်တွန်းထားပါသည်။
ယခုဖတ်ရန်တအာင်းပြည်အတွင်း သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့စေရန်နှင့် ဒေသခံပြည်သူလူထုများ၏ အသက်မွေးဝမ်းကျောင်းအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ် တစ်နှစ်တာကာလအတွင်း PSLF/TNLA မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှ နမ့်ဆန်ခရိုင်၊ ကျောက်မဲခရိုင်၊ မိုးကုတ်ခရိုင်၊ ကွတ်ခိုင်ခရိုင်နှင့် နမ့်ခမ်းခရိုင်တိုတွင် ကြိုးဝိုင်းဧကပေါင်း (၂)သိန်းကျော်ကို သတ်မှတ်ခဲ့ပါသည်။
လူကြည့်အများဆုံး သတင်းများ